ယူကွန်

ရန်ကုန် ၊၂၀၁၁ ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနှင့် ဆုရွေးချယ်ချီးမြှင့် ခြင်းကို အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ဦးစီးကျင်းပတော့
မည်ဟုအမည်မဖော်လိုသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက Freedom
News Group သို့ ပြောသည်။
မြန်မာ နိုင်ငံတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးစတင်ပေါ်ပေါက်စဉ်ကတည်းက အစိုးရမှ သာလျှင် ဦးစီး၍ ဆုပေးပွဲကို ကျင်းပခြင်း ဆုများရွေးချယ်ပေးခြင်း တို့ ကိုဆောင်ရွက်ခဲ့သည် ဟု နာမည်ကျော် ဇာတ်ညွှန်းရေးဆရာ တစ်ဦးက Freedom News Groupသို့ ပြောသည်။
အကယ်ဒမီ ဆုရွေးချယ်ချီးမြှင့်ခြင်း အား အစိုးရ မဟုတ်သော အဖွဲ့ အစည်း တစ်ခုမှ
ရွေးချယ် ချီးမြှင့် နှင့် ပတ်သက်၍ နာမည်ကျော်ဒါရိုက်တာ တစ်ဦးက “စစ်အစိုးရရှိနေ
သ၍ တော့ အကယ်ဒမီ ဆုဆိုတာ သူတို့ က ပဲ ရွေးချယ် ပေးမှာ ပါ။တတိယအဖွဲ့ အစည်း
တစ်ခုကရွေးချယ်ပေးမယ် ဆို လဲ အဲဒီ အဖွဲ့ အစည်း က သူ တို့ လက်အောက်မှာ ရှိတဲ့
အဖွဲ့ အစည်းပဲ ဖြစ်မှာပါ ”ဟု သုံးသပ် ပြောကြားသည်။
နောက်နှစ်တွင် ထပ်မံကျင်းပမည့် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရန် အတွက်
ပြန်ကြားရေးဝန်ကြီးဌာန မှ ပုဂ္ဂိုလ် များ၊မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး၊မြန်မာနိုင်ငံ
ဂီတ အစည်းအရုံး နှင့် မြန်မာ့  ရုပ်ရှင် မြှင့်တင် ရေးမှ ကျွမ်းကျင် ပုဂ္ဂိုလ် များပါဝင်
သည့် အဖွဲ့ က အစိုးရမဟုတ်သော အဖွဲ့ အစည်း တစ်ခု အနေ ဖြစ် တာဝန် ယူ၍
ဆောင် ရွက် နိုင်သည် ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
၁၉၉၄ ခုနှစ်တွင် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ရေး ကော်မတီ ကို ဖွဲ့ စည်းခဲ့ရာ
ထိုအဖွဲ့ အစည်းကို ယခင် ထောက်လှမ်းရေး အရာရှိ ဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း
ဗိုလ်ချုပ်ကြီး ခင်ညွှန့် က တိုက်ရိုက်ကွပ်ကဲသည်ဟု မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးမှ
တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ဝါရင့်ဂျာနယ် အယ်ဒီတာ တစ်ဦးကမူ ထိုကဲ့သို့ အကယ်ဒမီ ဆုရွေးချယ်ချီးမြှင့်ရေး
အား အစိုးရမဟုတ်သော အဖွဲ့ အစည်းတစ်ခုခုမှ ရွေးချယ် ချီးမြှင့်ပေးအပ်ဖို့ 
တာဝန်ပေးလျှင် စာပေ နယ်မှ ပုဂ္ဂိုလ် များလည်း ပါဝင်သင့်ကြောင်းပြောဆိုသည်။
အကယ်ဒမီ ဆုများကို နှစ်စဉ်ပေးအပ်ချီးမြှင့်ရာ ဆု အမျိုးအစားပေါင်း ၁၁ ဆုချီးမြှင့်သည်။
မြန်မာ နိုင်ငံသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စ၍ စီးပွားရေး နှင့် ဖလင် အခက်အခဲ
ကြောင့် တစ်နှစ်လျှင် ပျမ်းမျှ ရုပ်ရှင် ၁၂ ကားလောက်သာ ထုတ်လုပ်နိုင်သည်။
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု များကို ၁၉၅၂ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ချစ်သက်ဝေ
ဇာတ်ကားက ပထမ ဦးဆုံးအကြိမ် အကောင်းဆုံးဇာတ်ကား ဆုရရှိခဲ့သည်။ထိုဇာတ်
ကားသည် A1 ရုပ်ရှင် ဖလင် ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ပထမဦး ဆုံးရုပ်ရှင် အကယ်ဒမီ ဆုရရှိခဲ့သည့် မင်းသားမှာ မာလာရီ ဇာတ်ကားဖြင့်
ကျော်ဝင်းရရှိခဲ့ပြီး ကြည်ကြည်ဌေးက ချစ်သက်ဝေ ဇာတ်ကားဖြင့် အကောင်းဆုံးမင်း
သမီးဆု ရရှိခဲ့သည်။
ယခုနှစ် ကျင်းပသော အကယ်ဒမီဆုပေးပွဲတွင် အများနှင့်မသက်ဆိုင်သူ ဇာတ်ကား
က ဆုအများဆု ဆွတ်ခူးခဲ့သည်။အကယ်ဒမီဆုပေးပွဲသမိုင်းတွင် ညွှန့်ဝင်း၊ဒါရိုက်တာ
ဦးသုခ ၊ရန်အောင် နှင့် မြင့်မြင့်ခင် တို့ ကဆုအများဆုံးဆွတ်ခူးထားသည်။
