A U.S. citizen and human rights activistActivist sentenced to 5 years in prison in Burma
စက်တင်ဘာလအတွင်းကမြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံဖွားအမေရိကန်
နိုင်ငံသားကိုညီညီအောင်အား ယနေ့ တရားရုံးက နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်မှု ၊စာရွက်စာ
တမ်းအတုပြုလုပ်မှုတို့ ဖြင့်ဖြစ်ထောင်ဒဏ်၅နှစ်ပြစ်ဒဏ်ချမှတ်လိုက်သည်။
စက်တင်ဘာလအတွင်းက ဇာတိနိုင်ငံသို့ ပြန်လာသည့်ကိုညီညီအောင်အား ရန်ကုန်လေဆိပ်တွင်မြန်မာ
စစ်အစိုးရက ဖမ်းဆီးပြီးနောက် နိုင်ငံတွင်းသို့ အကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်ရန်ဝင်ရောက်လာသူ
ဟု မြန်မာ စစ်အစိုးရက စွပ်ဆွဲခဲ့သည်။
နိုဝင်ဘာလတွင် သူ့အား နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ မှတ်ပုံတင်
ဥပဒေတွေနဲ့ စတင်တရားစွဲဆိုခဲ့သည်။ဒီဇင်ဘာလ အတွင်းက ထောင်အာဏာပိုင်တို့ ၏ မတရားဖိ
နှိပ်မှုများကြောင့် ၁၂ ရက်ကြာ အစာ ငတ်ခံဆဿနပြခဲ့သည်။
ကိုညီညီအောင် ၏ မိခင် နှင့် ညီမဖြစ်သူ မှာ လည်းနိုင်ငံရေးလှုပ်ရှားမှုများကြောင့်နှစ်ရှည်ထောင်ဒဏ်
ချမှတ်ထားခြင်းခံရသည်။
သူ့ အားပြန်လည် လွှတ်ပေးရန် အမေရိကန် လွှတ်တှောအမတ် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်
အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ်က နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်ထံတိုက်တွန်းထား
သည်။
ကျော် ဇောလွင် ခှော ကိုညီညီအောင်သည် ထောင်ဒဏ်၅ နှစ်ချမှတ်ခံရသှောလည်းတရားရုံးက
တစ်ပောင်းတည်းသာ ကျခံရမည်ဟု အမိန့် ချမှတ်သဖြင့် ထောင်ဒဏ်သုံးနှစ်သာ ကျခံရမည်ဖြစ်သည်။
ကိုညီညီအောင် ထောင်ဒဏ်ချမှတ်ခံရသည့် သတင်းအား စီအန်အန် သတင်းဌာနက ထုတ်လွှင့်သွားပြီး
ဖြစ်သည်။
