ရွေးကောက်ပွဲအလွန်သီရိလင်္ကာတွင် မငြိမ်မသက်မှုများစတင်ဖြစ်ပွား

Political supporters clash in streets of Sri Lanka
ရွေးကောက်ပွဲတွင်ရှုံးနိမ့်သွားသည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဆာရတ် ဖုန်စက်က အားဖမ်းဆီးပြီး
နောက်သီရိလကဿငာ နိုင်ငံတွင် မငြိမ်မသက်မှုများစတင် ဖြစ်ပွားလာသည်။မေလအတွင်းက
တမီလ်ကျားသူပုန်များအား အနိုင်တိုက်ခဲ့သဖြင့် ပြည်သူများ၏ လေးစားချစ်ခင်မှုရရှိထားသည့်
ဖုန်စက်က အားဖမ်းဆီးဖြင်းအတွက် မြို့ တှောကိုလံဘိုတွင် ယနေ့ အစိုးရလိုလားသူများနှင့်
အတိုက်အခံလိုလားသူများ အဓိကရုန်း ဖြစ်ကြ သည်။ယနေ့ ကိုလံဘို တွင် ဆနဿဒပြသူများအား
ရဲက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲသည် ဟု ရိုက်တာ သတင်းတွင်ဖှောပြထားသည်။

 ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် အာဏာရသမ္မတ မာဟင်ဒါရာဂျာပက်ဆာအား အရေးနိမ့်ခဲ့သည့်
ဖွန်ဆီကာကို လုံခြုံရေးတပ်ဖွဲ့နှင့် တပ်ထိန်းရဲများက ကိုလံဘိုရှိ ၎င်း၏နေအိမ်တွင် ညပိုင်းအချိန်၌
ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဟု ၎င်း၏ အတိုက်အခံ နိုင်ငံရေးပါတီက ကြေညာသည်။

ဖုန်စက်က အားဖမ်းဆီးပြီးနောက် သူအားလိုလားသည့် စစ်တပ် နှင့် နိုင်ငံရေးနယ်ပယ်အတွင်း
အရေးပသူများကိုလည်းဆက်လက်ဖမ်းဆီးခဲ့သည်။ယမန် နေ့ က သမတ ၏ အမိန့် ဖြင့်လွှတ်
တှောအားဖျက်သိမ်းခဲ့သည်။

ဖွန်ဆီကာအား အဓိကထောက်ခံသည့် ဘုန်းတော်ကြီးကျောင်း တစ်ခုအတွင်း စစ်လက်နက်များ တွေ့ရှိခဲ့
ကြောင်း အစိုးရက စွပ်စွဲကာ ယင်းဘုန်းတော်ကြီး အပါအ၀င် လူပေါင်း(၄၀)ခန့်ကို ပြီးခဲ့သည့်လအတွင်းက
ဖမ်းဆီးခဲ့ရာ ဖွန်ဆီကာ၏ ပါတီဝင် အများစု ပါဝင်ခဲ့သည်။