
ယမန်နေ့ ကမြန်မာ စစ်အစိုးရ ၏ တရားရုံးမှ ထောင်ဒဏ်၅
နှစ်အပြစ်ပေးခံထားရသည့် အမေရိကန် နိုင်ငံသား ကိုညီညီ
အောင်အား ပြန်လည် လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ပြောခွင့်ရသူ ဖိလစ် ခရိုးလေးက ယနေ့ ပြောဆိုလိုက်
သည်။
မြန်မာ ဒီမိုကရေစီရေးအတွက် ဦးစားပေးလုပ်ကိုင်သည့် အောက်လွှတ်
တော်အမတ်တစ်ဦးဖြစ်သူဟောင်းဝဒ် ဘားမန်းက
အမေရိကန် နိုင်ငံသားတစ်ဦး အား မြန်မာစစ်အစိုးရက တရား
လက်လွတ်အပြစ်ပေးခြင်းဖြင့် ကနဦးကာလ ဖြစ်သည့် အမေရိကန် –
မြန်မာ ဆက်ဆံရေးကို ထိခိုက်သွားစေ နိုင်ကြောင်းပြောပြီးသူ့ကို
ညီညီအောင် (ခ)ကိုကျော်ဇောလွင် အား ချွင်းချက်မရှိ ပြန်လွှတ်ပေး
ရန် တောင်းဆိုလိုက်သည်။
ဟောင်းဝဒ်ဘားမန်းသည် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဥက္ကဌတစ်ဦးလည်းဖြစ်
သည်။
မေရီလန်း ပြည်နယ်မှ ကိုညီညီအောင်၏ ချစ်သူ ကကိုညီညီအောင် နှင့် ပြန်လည်တွေ့ ဆုံခြင်းသည်အတွက်
အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်တောင်းဆိုထားသည်။
ကိုညီညီအောင် အား စတင်ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ သုံးရက်နေ့ မှ ရှစ်ရက်နေ့ အထိ မြန်မာ စစ်
ထောက်လှမ်းရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်း နှိပ်စက်ခြင်းခံရသည် ဟု Freedom News Group မှစုံစမ်း
သိရှိရသည်။
ယမန် နှစ်ဒီဇင်ဘာလ အအစာငတ်ခံ ဆန္ဒပြသဖြင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းလည်းခံရသည်။ကိုညီညီအောင် (ခ)
ကိုကျော်ဇောလွင် (၄ဝ နှစ်) အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးက ယနေ့နံနက်က ပြုလုပ်သော
တရားခွင်တွင် မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) ၊ မှတ်ပုံတင် ဥပဒေ
၆ (၃) တို့ဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။
