
Buzz အမည်ရှိ အင်တာနက်လူမှုကွန်ယက် စာမျက်နှာ တစ်ခုကို ဂူဂဲက
မနေ့ က စတင်လွှင့်တင်ခဲ့ရာ နှစ်နာရီ အတွင်းမှာပင်နိုင်ငံတကာမှ သုံးစွဲ
သူတစ်သန်းခန့် ရှိသည် ဟု သတင်းရရှိသည်။
Buzz ဟု အမည်ပေးထားသည့် ထို လူမှုကွန်ယက်သည် ဂျီမေး လုပ်ဆောင်မှုနှင့်
တစ်ပြိင်နက်တည်း အသုံးပြု၍ရသည်။ထင်ရှားသော လူမှု ကွန်ယက်ဝဘ်ဆိုတ်
များဖြစ်သည့် ဖေ့ဘွတ် နှင့် တွစ်တာ ကဲ့သို့ ပင် ဂူဂဲဘဇ် သည် မိမိ၏ သင်းပင်း
မိတ်ဖွဲ့ ချိတ်ဆက်မှု ကွန်မြုနတီ တစ်ခု ကိုတည်ဆောက်ထား နိုင်သည် ။
ဂူဂဲ ဘဇ်ကို စတင်သုံးစွဲခဲ့သူ ရန်ကုန် မြို့ မှ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးကမူ
သူက ဂျီမေးရှိတာ နဲ့ အဆင်သင့်သုံးလို့ ရတယ်ဆိုတော့ ပိုပြီးတွင်ကျယ်တယ်။
တွစ်တာ နဲ့ ဖန်ရှင် ပိုတူတယ်။အခု ဒီမှာ Buzz က ဟော့ဖြစ်နေတယ်ဟုပြောသည်။
တွစ်တာ နှင့် ဖေ့ဘွတ် တွင် ပိုစ် တစ်ခုအတွက် မက်ဆေခ်ျ တို နှင့်စာလုံးရေကန့် သတ်
မှု ရှိသှောလည်း ဘဇ် တွင် မရှိ သည် သုံးစွဲသူများ အဆင်ပြေစေသောအချက်ဖြစ်
သည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စစ်တမ်းအရ နိုင်ငံတကာမှ အင်တာနက် သုံးစွဲသူ ၁၇၂ သန်း
ကဂူဂဲ ကို အသုံးပြုသည် ဟုသိရသည်။ဂူဂဲက ဘဇ် ပလက်ဖောင်းကို တည်ဆောက်ခြင်း
သည် ဖေ့ဘွတ် ၊တွစ်တာ ၊မိုင်စပေ့ တို့ ၏ ဈေးကွက် ကို ရယူ နိုင်ရန် ပထမ ခြေလှမ်းဖြစ်
သည် ဟု ဆီလီကွန် ဗယ်လီ အသိုင်းအဝိုင်းတွင် ပြောဆိုကြသည်။
ဘဇ် သည် နှေးကွေးသော အင်တာနက် စနစ်တွင် လည်းအသုံးပြူနိုင်သည်။
