သူရ ဦးတင်ဦး ယနေ့  ပြန်လည်လွတ်မြောက်လာတော့မည်

သတင်းထောက်များနှင့်တွေ့ ဆုံနေသောေ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်း ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့နေအိမ်အကျယ်ချုပ် သက်တမ်း မပြည့်ခင် တစ်ရက်အလိုတွင်လွှတ်ပေးမည်ဟု
Freedom News Group မှ စုံစမ်းသိရှိရသည်၊၊

သူရဦးတင်ဦး နေထိုင်ရာ အိမ်ရှေ့တွင် စစ်အစိုးရ တာ ဝန်ရှိသူ တစ်ဦးမှ လွှတ်ပေးသည့် အမိန့် စာကို ယနေ့ နေ့ လည်တွင် လာရောက်
ဖတ်ကြားတော့မည် ဟု အသင့်စောင့်ဆိုင်းနေသော သတင်းထောက် တစ်ဦးက Freedom News Group သို့ ပြောသည်။

နောက်ဆုံး ရရှိသော သတင်းများ အရ ကာကွယ်ရေး ဦးစီးချုပ်  ဟောင်း ဦးတင်ဦးအား နောက်၁၂ နာရီအတွင်းလွှတ်ပေးမည် ဟု
သတင်းရရှိသည်။

အသက် ၈၄ နှစ်ရှိ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊
ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် အထက်မြန်မာပြည် စည်းရုံးရေးခရီး လှည့်လည်နေစဉ်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် 
အကျယ်ချုပ် ချခံနေရသည်။