လှိုင်သာယာ အလုပ်သမားများ ဆက်လက် ဆန္ဒပြ ရာ စက်ရုံများအားလုံးပိတ်ထားရ

လှိုင်သာယာ စက်မှုဇုန် ရှိ ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်)
မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုသည် လှိုင်သာယာ စက်မှုဇုန် ရှိ အခြားစက်ရုံများသို့ ပင်ကူးစက်လာ
ပြီဖြစ် ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

လှိုင်သာယာရှိ ဦးဇှောဇှော ပိုင်ဆိုင်သည့် Max Myanmar အချိုရည်ထုတ်လုပ်သော စက်ရုံလည်းပိတ်
ထားရပြီး good morning ပေါင် မုန့် စက်ရုံအ ပါ အဝင် အခြားထင်ရှားသည့် စက်ရုံများလည်းပိတ်ထားရသည်
ဟု သတင်းရရှိသည်။

ယနေ့ လှိုင်သာ ယာစက်မှု ဇုန် ၃ အနီးတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲကား အစီး၅၀
မီးသတ်ကား ရှစ်စီး နှင့် ရဲအချုပ်ကားရှစ်စီး အသင့်စောင့်နေသည် ကို တွေ့ ရှိရသည်။

လှိင်သာယာ စက်မှုဇုန်တွင် စက်ရုံ နှစ်ရာ နီးးပါး ရှိပြီး အလုပ်သမား တစ်သိန်းကျော် အလုပ်လုပ်ကိုင်နေ
သည် ။ စတင် ဆန္ဒပြမှု ဖြစ်ပွားသည့် အိုပယ် ၂ အထည်ချုပ်စက်ရုံ မှ လစာတိုးမြှင့်ပေးမ ကြှေုာင့် ကျန်အလုပ်
သမားများလည်း အားတက်လာ ကာ လှိုင်သာယာ စက်မှုဇုန် ရှိ အလုပ်သမားများမှာ လည်း
ဆက်လက်သပိတ်တိုက်ပွဲ ဝင်ကျရန် ပိုမို လိုလား ကျသည် ဟု သိရှိရသည်။

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြမှု ကျောင့် တောင်ဒဂုံ ၊ရွှေပြည်သာ နှင့်ေ ပါက်ကန် ရှိ စက်မှု ဇုန်
များတွင် လုံ လုံခြုံရေး များတိုးမြှင့်ချထားသည် ဟု သတင်းရရှိသည်။