ကလန်သံဗျင်

ပြည်ထောင်စု နေ့ ကိုယနေ့ လူငယ်တို့ မေ့လျှော့နေပြီ ဟု အင်တာနက်စာမျက်နှာ များတွင် ရက်ပိုင်းအတွင်း
ကပင်ဖတ်ဖြစ်ခဲ့သေးသည်။ ဖေဖော်ဝါရီလ တွင် ပြည်ထောင်စု နေ့ ၊မြန်မာ နိုင်ငံကလေးများနေ
့(ဗိုလ်ချုပ်အောင်ဆန်း မွေး နေ့ ) ၊စိန့် ဗယ်လင်တိုင်း နေ့ (ချစ်သူများနေ့ )စသဖြင့် ရှိရာ မြန်မာ လူမျိုးများ
နှင့် အသက်ဆိုင်ဆုံး ပြည်ထောင်စုနေ့ ၊ဗိုလ်ချုပ် မွေး နေ့ တို့ ကို ယနေ့ လူငယ်များက မေ့လျှော့ နေကြခြင်း
ဖြစ်သည်။
စစ်အစိုးရ၏ သမိုင်းဖျောက်မှု လုပ်ရပ် များကြောင့် သမိုင်းဝင်နေ့ များကို လူငယ်များမေ့ ပျောက်သွား
သည်မှာ အပြစ်မဆိုသာသော် လည်း ကမ္ဘာ နှင့်ချီပြီး အလုပ်လုပ်နေ သော အေပီသတင်း ဌာန လို
အဖွဲ့ အစည်းမျိုး ကဖြင့် လွတ်လပ်ရေး နေ့ နှင့် ပြည်ထောင်စု နေ့ ကို မှားမရေးသင့် ဟု ထင်မိသည်။
ယနေ့ မနက် နေပြည်တှောတွင်သီဟသူရ တင်အောင်မြင့်ဦး ၏ လွတ်လပ်ရေး နေ့ သဝဏ်လွှာဖတ်
ကြား နေ ပုံ အား စာတမ်း(Caption) ထိုးရာ တွင် ၆၃ နှစ်မြောက်ပြည်ထောင်စု နေ့ ဖြစ်ရမည့် အစားလွတ်
လပ်ရေး နေ့ ဟု မှားယွင်း ဖော် ပြထားသည်။
မြန်မာ တွေကတော့ ထိုဖြစ်ရပ် ကို ပေါ့ပေါ့ တန်တန် ပင်သဘော ထားမည် ဖြစ်သော် လည်းအခြားနိုင်ငံများ
ဆိုလျှင် ပြသနာ တက်လိုက်မည့် အမျိုးပင် ဖြစ်သည်။တရားတဘောင် တို့ လျှော် ကျေးပေးရတာ တို့ ဖြစ်လာ
နိုင်သည်။
အေပီ သတင်းဌာန မှာ မြန်မာ နိုင်ငံ တွင် ဆယ်စု နှစ် ၆ စုမက ထိတွေ့ ပြီးခဲ့သော သတင်းဌာနဖြစ်သည်။
သူများ နိုင်ငံ၏ သမိုင်းဝင်နေ့ ရက်ကို မှားမှန်း သိသိ နှင့် ပင် အပြောင်းအလဲ မလုပ်ပဲ ထားနေ သည်မှာ
နိုင်ငံတစ်ခု ကို စော် ကားနေခြင်းလော ဟု မေးစရာရှိလာသည်။
တစ်ခါတစ်လေ ကျတော့ လည်းမီဒီယာ နယ်ပယ်သည် မှားတတ်ကျပေးသည် ။လွန်ခဲ့သည့် လေးနှစ်
ကျော် လောက်ကဖြစ်မည် ထင်သည် ဂျာနယ် တစ်စောင်တွင် ဆရာမ ကြီး မြသန်းတင့် အထိမ်းအမှတ်
ဟု ပါ ရှိလာသည် ကို ဖတ်ဖူးရသေးသည် ။ မီဒီယာ ဆိုတာ မှားတတ်သည့် အမျိုးပင် ဖြစ်သည်။
မြန်မာ မီဒီယာများကတော့သေနတ်ပြောင်းဝ ရှေ့လည်းဖြစ် ၊ငွေရေးကြေးရေး ကလည်း မတတ် နိုင် မီးက
မလာ၊ ဆက်သွယ်ရေးက ခက်ခဲ ၊ အင်တာနက်က နာမည်ပဲရှိ ဆိုသည့် အခြေအနေ များကတော့ မထောင်းသာလှ
။တစ်နေ့ တစ်နေ့ သတင်းရောင်းစားရာ မှ ဒေါ်လာ သိန်းချီဝင်နေ သည့် အေပီ လိုသတင်းဌာန မျိုး ကတော့ဖြင့်
နယ်စပ်မှ မြန်မာ့ အရေးကျွမ်းကျင် သူတွေ ကို ဈေး ပေါပေါ ပဲပဲ နှင့် ပင်ခန့် ထားနိုင်ပေသည်။
ကလန်သံဗျင် အကြံ ပေးချင်တာကတော့ မြန်မာစစ်အစိုးရလည်း အေပီ ကိုတရားစွဲလျှော် ကြေးတောင်းပြီး
ရုရှားမှ လေယာဉ်တစ်စီးလောက်ထပ်ဝယ် နိုင်ဖို့ ငွေပိုငွေလျှံလေး ဘာလေးထွက်လာ နိုင်ပေသည်။
စိတ်ကူး မလွဲ နှင့် ဂျော် ဂျီ ယာ နှင့် ရုရှား စစ်ဖြစ်တုန်းက သတင်းဌာနတစ်ခုက မှား ယွင်းရေးသားခဲ့သ
ခြင့်ဂျော် ဂျီယာ အစိုးရကို လျှော် ကျေးပေးခဲ့ရသည်။
အခု အေပီ၏ အမှားကား သာမန် အမှား ဟု ယူသော် မရ ချေဟု ကလန် သံဗျင် နှလုံးသွင်းမိသည်။
အေပီ၏ လုပ်ပုံက မြန်မာ တို့ လွတ်လပ်ရေး တစ်လ နောက်ကျရမလိုလို တစ်နှစ်ပဲစောရမလိုဖြစ်နေ
သေးတော့သည်။
ကလန်သံဗျင် သည် မြန်မာနိုင်ငံရန်ကုန် မြို့ မှ ၀ါရင့် သတင်းအယ်ဒီတာ တစ်ဦးဖြစ်ပြီး
သူ၏ နာမည်ရင်းမဟုတ်ပါ။
