
၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်း
ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့အားယနေ့ ည ရှစ်နာရီခွဲတွင်နေအိမ်အကျယ်ချုပ်မှလွှတ်ပေး
လိုက်ပြီဟု Freedom News Group မှ စုံစမ်းသိရှိရသည်၊၊
ပြန်လည်လွတ်မြောက်လာသော ဦးတင်ဦးအား
နေအိမ်တွင် နိုင်ငံခြားသတင်းထောက်များ နှင့် ပြည်တွင်း သတင်းထောက်များကလာရောက်တွေ့ 
ဆုံမေးမြန်းသည် ။သတင်းထောက်များ နှင့် တွေ့ ဆုံရာဥ် သူက နိုင်ငံရေးပဲဆက်လုပ်
သွားမည် ဟု ပြောသည် ။မျက်စိခွဲစိတ် ကုသ ခြင်းခံနေရသည့် ဦးတင်ဦးသည် အနည်းငယ်ပိန်သွားပြီး ကျန်းမာရေးကလည်း မကောင်းတော့ ကြောင်း ဦးတင်ဦး နှင့် တွေ့ ဆုံခဲ့သည့်သတင်းထောက်တစ်ဦးက ပြောသည်။
ယခု သတင်းရေးနေ ချိန် ယနေ့ ည ၁၁ နာရီတွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ ခေါင်းဆောင်များ က ဦးတင်ဦး အား လာရောက်တွေ့ ဆုံကြသည်။
ပြန်လည် လွတ်မြောက်လာ သော ဦးတင်ဦးသည် တနလဿငာ နေ့ တွင် မြန်မာ နိုင်ငံ
သို့ ရောက်ရှိမည့် ကုလ အထူးသံ သောမတ်စ် အိုဂျေ ကွင်တားနား နှင့် တွေ့ ဆုံမည်
ဖြစ်သည်။
ဦးတင်ဦး အားပြန်လည် လွှတ်ပေးခဲ့သည့် အတွက် အမေရိကန် နှင့် ဗြိတိသျှ အစိုးရက မြန်မာစစ်အစိုးရ အားကောင်းချီးပေးခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဥ်းသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။



glad to hear it !!!!