
ယမန် နေ့ က၇ နှစ်နီးပါး နေအိမ် အကျယ်ချုပ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသည့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် တွေ့ ဆုံဆွေးနွေးရေး ပြန်လည်စတင်
ရန် ယနေ့ တိုက်တွန်းလိုက်သည်။
အသက် ၈၄ နှစ် အရွယ်ရှိ ကာကွယ်ရေးဦး စီးချုပ် ဟောင်းက ရွေးကောက်ပွဲ မစတင်ခင် အတိုက်အခံ
များနှင့် စစ်အစိုးရ တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်းခြင်းဖြစ်သည်။တွေ့ ဆုံဆွေးနွေးရေးဖြင့်သာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေးတို့ ရရှိနိုင်
မည်ဖြစ်ကြောင်းသူကယနေ့ ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ကြည်ညိုရာတွင် နိုင်ငံခြားသတင်း
ထောက်များကိုပြောသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။
ယနေ့ မနက်တွင် ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆုတောင်းမှု့ ပြုနေစဉ် ထောက်လှမ်းရေးများ
ကနောက်ယောက်ခံးစုကြည့် ရှုမှုများရှိကြောင်းသိရသည်။
