လူ့အခွင့်အရေး ကိုယ်စားလှယ် နှင့် ဦးတင်ဦး ၊ဦးဝင်းတင် တို့ တွေ့ ဆုံ

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဦးတင်ဦး ၊ဦးဝင်းတင် ၊ဦးခင်မောင်ဆွေ တို့ နှင့် တွေ့ ဆုံစဉ်

ယနေ့ နံနက် အစောပိုင်းက အင်းစိန်ထောင် တွင်းသို့ သွားရောက် လေ့လာခဲ့သည့် ကုလသမဂ္ဂ
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် အန်အယ်လ်ဒီ ဗဟိုအလုပ်
အမှုဆောင်ဦးတင်ဦး ၊ဦးဝင်းတင် ၊ဦးခင်မောင်ဆွေ တို့ နှင့် တွေ့ ဆုံခဲ့သည်။

ထိုသို့ တွေ့ ဆုံရာတွင် ၂၀၀၃ ခုနှစ်ကတည်းက နေအိမ် နေအိမ်အကျယ်ချုပ် ချထားခြင်းခံထားရသည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးသင့်ကြောင်း ပြောကြားသည်ဟု
ဦးခင်မောင်ဆွေက ပြောသည်။

မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင်

အာဂျင်းတီးနား နိုင်ငံသား ကုလ အထူးသံ အိုဂျေကွင်တားနား သည် ယနေ့ အင်းစိန် အကျဉ်း ထောင်
သို့ သွားရောက်ရာ တွင် အခြားအကျဉ်း သားများကိုယ်စား နိုင်ငံရေး အကျဉ်း သားများက ထောင်တွင်း
အခွင့် အရေးများရရှိရန် တောင်းဆိုခဲ့သည်။

ကွင်တားနားက အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်း သားများ ၏ အကျဉ်း သားအခွင့်အရေး
ကင်းမဲ့ပုံကို အစီရင်ခံစာ တင်သွားမည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့် ရရန် တောင်းဆိုထားသည့် ကုလ အထူးသံသည် ယနေ့ 
မြန်မာ ခေါင်းဆောင်များနှင့် တွေ့ ဆုံမည် ဖြစ်သည်။

ကွင်တားနားသည် ယမန် နေ့ က ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ၂၀၀၇ ခုနှစ်က လောင်စာဆီ
ဈေးမြှင့်တင်မှုကို လမ်းလျှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င် နိုင်ငံရေး
အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် မြေပုံ

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည်
မြန်မာ နိုင်ငံတွင်း ရှိ အကျဉ်း ထောင်များတွင် ဆိုးရွားသည့် လူ့ အခွင့်အရေး
ဖောက်ဖျက်မှု များရှိသည် ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာ စစ်အစိုးရသည် လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံသို့ လာရောက်ချိန်မှာ ပင်
ဒှောနော် အုံးလှ နှင့် နာဂစ် အရေးကူညီ သူ ငါးထပ်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးဃောသိတ
တို့ အားထောင်ဒဏ်ချမှတ်ခဲ့သည်။