ဟိန်းခိုင်ထွန်း

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)ည ၇ နာရီကျော် ကျော်ခန့်အချိန်က မီး
လောင်မှုဖြစ်ပွားခဲ့သည့်သင်္ဃန်းကျွန်းဈေး နေရာ အား သူရရွှေမန်း ၏ သား အောင်သက်မန်း
နှင့် ရန် ကုန်မြို့ တော် ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း တို့ မှ လူနေ တိုက်ခန်း များ ပါဝင်သည့်
အထပ်မြင့်ကွန်ဒို နှင့် ဈေး ပြန်လည် တည်ဆောက်ပမည် ဟု သတင်းရရှိသည်။
မီးလောင်ပြီး လေးရက် အကြာဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြို့တော်ခန်းမ၌သတင်းထောက်များ နှင့်
တွေ့ဆုံရာတွင် မြို့တော် ၀န်က သင်္ဃန်းကျွန်းဈေး ကြီး အား ပြန်လည် တည်ဆောက်သွားမည်ဟု ထုတ်
ဖော် ပြောဆိုခဲ့သည်။
သတင်းထောက်များ က ထိုဈေးနေရာ အား မည်သည့် ကန်ထရိုက်မှ တာဝန် ယူတည်ဆောက်မည်နည်း
ဟု မေးသည့် အခါ မြို့ တော် စည်ပင်က သာ တာဝန်ယူ တည်ဆောက်မည် ဟုသာ ဗိုလ်မှုးချုပ် အောင်သိန်းလင်း
က ပြောခဲ့သည် ဟု ထိုတွေ့ ဆုံပွဲ သို့ တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦး က Freedom News Group
သို့ ပြောသည်။
မီးလောင်ကျွမ်းခံရပြီးနောက် ယာယီဈေးအား ကျိုက္က ဆံဘုရားအနီးတွင် ဖွင့်လှစ် ပေးထားကြောင်း သတင်းရရှိသည်။
ဈေးရှိ ဆိုင်ခန်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။
ဈေးတာဝန်ခံ ဦးမျိုးသက် ကိုမူ ပုဒ်မ ၂၈၅ ဖြင့် အမှု ဖွင့် အရေးယူထားသည် ဟု သိရသည်။
သင်္ဃန်းကျွန်းဈေး မီးလောင်နေစဉ် အတွင်း စစ်ကားများဖြင့် လေးထောင့် ကန်လမ်းမကြီး အားပိတ်
ဆို့ ထားသည် ဟု အမည် မဖော် လို့ သည့် သင်္ဃန်းကျွန်းဈေး ဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။
သူက ‘မီးလောင် တော့ ကျွန်မ တို့ က ကိုယ့် ဆိုင်က ပစ္စည်းလေးတွေ သွား ယူမလို့ ပေါ့နော်စစ် ဗိုလ်
တစ်ယောက် က ဒီနား လုံးဝ ကပ်မလာ နဲ့ ပစ်သတ်မယ် လို့ ပြောတယ် ။နောက် သင်္ဃန်းကျွန်း ရဲ
တွေ က ရောက်လာ တဲ့ ဆိုင်ခန်းပိုင်ရှင် တွေ ကို ရုတ်ရုတ် လုပ်ရင် ဒီမှာ ကြည့် ထား ဆိုပြီး လက်ထိပ်
ထုတ်ပြတယ် ။ကျွန်မ တို့ ချွေးနည်းစာ လေးတွေ ကုန်ပါ ပြီ ဟု မျက်ရည်စက်လက် ဖြင့် ဝမ်းနည်းဖွယ်
ရာပြောသည်။
ယာယီဈေးနေရာ ပြန်လည် ရောင်းချခွင့် ကို ရန်ကုန် တိုင်း တိုင်းမှုးက ခွင့်မပြုသော် လည်း မြို့ တော် ဝန်
အောင်သိန်းလင်းက သူရရွှေမန်း၏ အမိန့် ဖြင့် တဇွတ် ထိုးလုပ်ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းဈေး မီးလောင်မှု မဖြစ်ခင် ရက်ပိုင်း အလိုက သီရိမဂီလာဈေး၊ ၊ ဘောက်ထော် ဈေးနှင့်
ဗဟို စံပြ ငါးဈေး တို့ အား ဈေးနေရာပြောင်းရွှေ့ မည် ဟု သတင်းထွက် ခဲ့သည်။
စစ်အစိုးရ အဏာသိမ်းပိုက်ပြီး မကြာခင်မှာ ပင် တာမွေ အိုးစုရပ်ကွက်အား မီးရှို့ ၍ အဓမ္မသိမ်းယူမှု
ပြုကာ နေထိုင်သူများ အား အတင်းအကျပ် ရွှေ ပြောင်းစေခဲ့သည်။
မီးလောင်ပြင် သင်္ဃန်းကျွန်းဈေး နေရာ အား ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှ စတင်၍ အပျက်အစီးများ
ရှင်းလင်းကာ ကွန်ဒို စတင် တည်ဆောက်မှု များပြုလုပ်နေပြီ ဖြစ်သည်။
သင်္ဃန်းကျွန်းဈေး သည် မီးပျက် နေစဉ် လျပ်စစ်ဝါယာကြိုး အပူလွန်ရာမှတဆင့် မီးလောင်ခဲ့သည့်
ကမ္ဘာပေါ် ရှိ တစ်ခုတည်းသော ဈေးဖြစ်သည်။
