ယူကွန်
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ
သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်တွင်
တည်ရှိသည့် မော်တင်စွန်း ဘုရား ခေါ် မဟာကုဋရံသီ ဆံတော်ရှင်စေ
တီတော်မြတ်ကြီး ၏ ဘုရားပွဲ ကျင်းပနေစဉ် ကာလတွင် နတ်နဂါးများ
လာရောက်ဖူးမြော်ခြင်းရောင်ခြည်တော်လွှတ်သည် ဟူ သည့် သတင်းများကြောင့်
ရန်ကုန် နှင့် အနီးအပါးမှ ဘုရားဖူးများ ပိုမိုလာ
ရောက်ကြသည်ဟု သတင်းရရှိသည်။
တပေါင်းလဆန်း ၁ ရက် (၁၃.၃.၂၀၁၀)မှ တပေါင်းလပြည့်နေ့ (၂၇.၃.၂၀၁၀) အထိကျင်းပ
သည့်ဘုရားပွဲတော်ရက် အတွင်း ပင်လယ်တွင်းမှ နဂါးများလာရောက်ဖူးမြော်သည် ဟူသော
အချက်ကြောင့် ဘုရားဖူးများက ပင်လယ်ကမ်းခြေတွင် သွားရောက်စောင့်ကြည့်သူများရှိသည်
ဟု မော်တင်စွန်း ဘုရားပွဲ သို့ သွားရောက်ခဲ့သည့် ပုသိမ် မြို့ သားတစ်ဦးက Freedom
News Group သို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့  က မော်တင်စွန်း ဘုရားနှင့် အတန်ငယ်ဝေးကွာသော မြွေတောင်
ဘုရားတွင် ရောင်ခြည်လွှတ်၍ နဂါးမင်းလာရောက်ဖူးမြော်သည် ဟူ သည့် သတင်းကြောင့် လူများ
စိတ်ဝင်စားခဲ့သည်။
ပုသိမ် တက္ကသိုလ် မှ ကျောင်းသားတစ်ဦးက မူ ဘုရားပွဲတော်ရောက်ရင် ဒီလို ထူးခြားမှု လေးတွေရှိတာနှစ်တိုင်းပဲ
ဒီနှစ် ဘုရားပွဲ အချိန်မှာ ပင်လယ်ရေစီးကြောင်းပြောင်းတာနဲ့ 
ရာသီဥတု ကြောင့် ပင်လယ် သတ္တ၀ါတွေ ဒီမော်တင်ဆိပ်ဘက် လာကြတော့ လူတွေက
တအံတသြဖြစ်နေတာ ပါဟု ပြောသည်။
အသက် ၇၄ နှစ် အရွယ်ရှိ မော်တင်စွန်း အနီး ခမောက်မော်မှ အဘွားတစ်ဦးကမူ အဘွား
တို့ ငယ်ငယ်က ဆို ၀ိဇ္ဇာတွေ ၊နဂါး ၊ဂလုန် တွေ ပါ လာဖူးတယ် ဒီနေရာကဇေယျသေန နဂါးမင်း
ရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့ နေရာပဲ ဟု ဆိုသည်။
ယမန်နေ့ က မူ ရှားပါးငှက် အချို့ နှင့် ကျက်တူရွေး၊ကျီးကန်းစသည့် ငှက်အချို့ မှာ စေတီအနီး
အုပ်ဖွဲ့ ပျံသန်းပြီးနောက် ပျောက်ကွယ်သွားသည် ဟု ဘုရားဖူးများက ပြောကြသည်။
သမိုင်းဝင် မြတ်မော်တင် စေတီကို မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် အချိန်ကတည်းက
နဂါးမင်းက ပင်လယ်မြကျောက်ဖြစ် စိုင်တမော့ အရွယ်ရှိ စေတီကို တည်၍ သက္ကရာဇ် ၇၀၀ ခန့် 
တွင် အလောင်းစည်သူ မင်းကြီး က ပြန်လည်တည်ဆောက်ပြီး မွန် ဘုရင် နှင့် မြန်မာ ဘုရင်များ
ကလည်း ပြန်လည် တည်ဆောက်မှု ပြုခဲ့သည်။
