ယူကွန်

ရန်ကုန်၊ ၊၂၀၀၉ ခုနှစ် သြဂုတ် လ ၂၃ ရက်နှင့် ၂၄ ရက် က နှစ်ရက် တိုင် မီးလောင်ကျွမ်းခြင်းခံခဲ့ရသည့် ဂရန်း
ရွိုင်ရယ် ၀ီစကီမှ ဦးစီးကျင်းပသည့် ဂီတ ဖျော်ဖြေပွဲ တစ်ခု ကို ဖေဖေါ်ဝါရီ ၂၈ မှ မတ် လ ၁ ရက် နေ့ 
ထိ သုံးရက် တိုင် ဆီဒိုးနား ဟိုတယ်ရှေ့ရှိ မြကျွန်းသာ အပန်းဖြေဥယာဉ် တွင် ကျင်းပမည် ဟုသိရသည်။
ထိုဖျော်ဖြေပွဲ တွင် နာမည်ကျော် အဆိုတော်များ ဖြစ်ကြသည့် သားစိုး၊R ဇာနည်၊အဲလက်စ် ၊ကောင်းမြတ်
ဖြူဖြူကျော်သိန်း၊ ၀ိုင်းစုခိုင်သိန်း တို့ ပါဝင်မည် ဖြစ်သည်။
ထိုဖျော်ဖြေပွဲ သည် ယမန် နှစ်က မီးသင့်ခဲ့သည့် ဂရန်းရွိုင်ရယ် ၀ီစကီ ၏ အရောင်းမြှင့် တင်ပွဲ ဖြစ်သည်ဟုIBTC
ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။
Planet Grand Royal ဟု အမည်ပေးထားသည့် ထိုဖျော်ဖြေပွဲသည် အခမဲ့ ၀င်ရောက်ကြည့်ရှုခွင့်ရသော်လည်း
ဆယ်တန်းစာမေးပွဲ နှင့် အထက်တန်းစာမေးပွဲ ဖြေဆိုနေ ချိန်များဉ် တိုင်ဆိုင်နေ၍ ပရိသတ် အားပေးမှု အတန်ငယ်
လျှော့ နည်း နိုင်သူ ဟု ဂီတဖျော်ဖြေပွဲ များကို အမြဲ သွားရောက်လေ့ရှိသူ တစ်ဦးက သုံးသပ်သည်။
Planet Grand Royal ဖျော်ဖြေပွဲ တွင် မော်ဒယ် များ၏ ထူးခြားသည့် တင်ဆက်မှု များလည်း
ပါဝင်သည် ။
IBTCကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အရက်ဈေးကွက်တွင်လူကြိုက်များသည့်  Grand Royal ၀ီစကီ အပါအ၀င်
Special London Dry Gin နှင့် London Rum အပါအ၀င် အရက်အမျိုးအစား ၈ မျိုးကိုထုတ်လုပ်သည်။
ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ယင်းတိုက်ပင် ကျေးရွာ အနီးတွင် တည်ဆောက်ထားသော ထိုစက်ရုံသည်
ယမန်နှစ်က မီးလောင်မှုကြောင့်စက်ရုံတစ်ခုလုံး နီးပါးပျက်စီးဆုံးရှုံးခဲ့သည် ။
မီးလောင်မှု ကြောင့် အမေရိကန် ဒေါ်လာ ခုနှစ်သန်းခန့် နှင့် မြန်မာငွေသိန်းထောင်ချီဆုံးရှုံးရပြီး နိုင်ငံခြားမ
ှ မကြာခင်က မှာယူတင်သွင်းထားသည့် ပေါင်းခံစက်များလည်းပျက်စီးဆုံးရှုံးခဲ့ရသည်။
Grand Royal ၀ီစကီ အားထုတ်လုပ်သည့် IBTCကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးအောင်မိုးကျော်သည် ဥဿာ
ယူနိုက်တက် အမည်ရှိ ဘောလုံးကလပ် ကို တည်ထောင်ထားသူ ဖြစ်သည်။
