အော်စကာနှင့်သက်ဆိုင်သည့်အခမ်းအနားရောက် ပထမဦးဆုံးမြန်မာဘုန်းတော်ကြီး

အော်စကာနေ့ လည်စာစားပွဲ သို့ တက်ရောက်ခဲ့သည့် မြန်မာ ဘုန်းတော်ကြီး ဦးဃောသိတ

၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုလျှာ ထားခံရတဲ့ Burma VJ
မှတ်တမ်းရုပ်ရှင် ဇာတ်ကားအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က အော်စကာ ဆုရှင်လောင်း တွေ ကို နေ့ 
လည်စာ တည့်ခင်းဧည့်ခံကျွေးမွေးခဲ့တဲ့ Oscar Luncheon ကို တက်ရောက်ခဲ့တဲ့ ဦးဃောသိတ က သူ့ ရဲ့ 
ဟောလိဝုဒ် အော်စကာ အတွေ့ အကြုံ နဲ့ ပတ်သက်ပြီး Freedom News Group ကို အခုလိုပြောပါတယ်။

ဒန်းမတ်ကလာ တဲ့ Burma VJ ရဲ့ ပရိုဂျူဆာ လီဆာ နဲ့  ဒါရိုက်တာ နဲ့ အတူ ဒီပွဲ ကို သွားရတယ်။ဟောလီဝုဒ်
ရိုစ်ဘဒ် ဟိုတယ်မှာ နေ့ လည်စာစားပွဲလုပ်တယ်  ဒီနှစ် အော်စကာ ဆုလျှာထားခံရတဲ့ သူတွေ ရော အရင်နှစ်
က အော်စကာဆုရှင်တွေ ရော လာကြတယ် ။ဦးဇင်း နဲ့ အတူသွားတဲ့ Burma VJ ရဲ့ ဒါရိုက်တာရော ၊ပရိုဂျူဆာ
ရောပါ ဒီလိုပွဲ မျိုးဒီတစ်သက် ရောက်လိမ့်မယ် လို့ မထင်ထားကြဘူး။ သူတို့ လဲ အရမ်းရင်း ခုန်တယ် လို့ ၂၀၀၇
ခုနှစ် ရွှေဝါ ရောင် တော်လှန်ရေးမှာ ရှေ့ဆုံးက ဦးဆောင်ပါ ၀င်ခဲ့တယ့် ဆရာတော် ဦးဃောသိတက ပြောပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ မြန်မာ နိုင်ငံမှာ ရွှေဝါရောင် သံဃာတော် လှုပ်ရှားမှု ဖြစ်ပွားခဲ့စဉ်က တော်လှန်ရေးကြီးမှာ
ပါဝင်ခဲ့တဲ့  ရဟန်းသံဃာတော်များ ၊ကျောင်းသား နဲ့ ပြည်သူ လူထုတွေကို
စစ်အစိုးရရဲ့ ရက်ရက်စက်စက်နှိပ်ကွပ်မှု  တွေကိုမှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတဲ့ Burma VJ ဇာတ်
ကား ဟာ တိုရွန်တို ၊Sundance ၊ နယူးယောက် ထရီဘက်ကာ စတဲ့ အမေရိကန် နဲ့ ဥရောပ ရုပ်ရှင်
ပွဲတော်တွေ ၊ရုပ်ရှင် ထူးချွန်ဆုတွေ မှာ ထူးချွန် ဆု အသီးသီးရရှိ ခဲ့ပြီး ဖြစ်ပါတယ်။

အော်စကာနေ့ လည်စာစားပွဲ ကိုတက်ရောက်ခဲ့တဲ့ ဆရာတော် ဦးဃောသိတက တော့ နာမည်ကြီး
မင်းသားမင်းသမီးတွေလာကြတယ် ဦးဇင်းကတော့ ဘယ်သူမှ မသိဘူး Burma VJ ရဲ့ ဒါရိုက်တာ က
တော့ အခုလိုနာမည်ကြီးမင်းသား မင်းသမီးတွေ နဲ့ တစ်စားပွဲတည်း ထိုင်ဖြစ်လိမ့် မယ့်လို့ တောင် မ
ထင်ခဲ့မိဘူး ပြောတယ်။

စစ်အစိုးရ ရဲ့ တင်းကျပ်တဲ့ စီစစ်ဖြတ်တောက်မှုတွေကြောင့် မြန်မာ ရုပ်ရှင် ဇာတ်ကားတွေ ရဲ့ ထုတ်လုပ်တင်ဆက်မှု
အဆင့်အတန်းနိမ့်ကျတာကြောင့်  အခုလို ဟောလိဝုဒ် အော်စကာဆု
ပေးပွဲ မျိုးမဆိုထားနဲ့ ဒေသတွင်းမှာ ပင် နေရာမရှိ ဘူးလို့ အမေရိကန် မှာ အခြေချနေထိုင်တဲ့
မြန်မာ သရုပ်ဆောင် တစ်ဦးက ပြောပါတယ်။

အခုလို အော်စကာဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့ ကိုယ်တိုင်က ဖိတ်ကြားတဲ့ ပွဲကို သွားရတာ တကယ်ဂုဏ်
ယူစရာပဲ လို့ သူက ဆိုပါတယ်။

ဦးဃောသိတ ကမူ တော်လှန်ရေးမှ ပါဝင်ခဲ့တဲ့ သံဃာတော်တွေ ထောင်ထဲမှာ ရှိနေသေးတော့ သူတို့ က
ပျော်စရာ အခမ်းအနား ကိုယ်တော်က တော့ ၀မ်းမသာ နိုင် ဘူး မျက်ရည်ကျမိတယ်ဟု ပြောသည်။

၈၂ ကြိမ်မြောက် အော်စကာဆု ပေးပွဲ အခမ်းအနား ကို မတ်လ ရ ရက်နေ့ ဟောလီဝုဒ် ဘီဗာလီ ဟီးလ်က ကိုဒတ်သီရေတာ
မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဦးဃောသိတသည် ရွှေဝါရောင်တော်လှန်ရေး တွင် တရားဟောခြင်း၊တက်ကြွစွာ ချီတက်ခြင်းတို့ ဖြင့် သံဃာနှင့် ကျောင်းသား
ပြည်သူများကို ဦးဆောင်ခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေး အတွင်း စစ်အစိုးရ တပ်ဖွဲ့ များမှ အကြမ်းဖက် ဖြို ခွဲသောကြောင့်
သူ၏ ခေါင်း ကွဲကာ သွေးမြေကျ ခဲ့ရ ပုံ ကို အယ်ဂျာဇီယား ရုပ်သံမှ ထုတ်လွှင့် ခဲ့သည်။

စစ်အစိုးရမှ သူ၏ သီတင်းသုံးရာကျောင်းဖြစ်သည့် မဂ်ဃင် ကျောင်းကို ချိတ် ပိတ်ပြီး နောက် နိုင်ငံတွင်း သုံးလခန့် ပုန်းအောင်း
ရှောင်တိမ်းနေ ထိုင်ခဲ့ရသည်။ ၂၀၀၇ ခုနှစ် ကုန် ပိုင်တွင် ထိုင်းနိုင်ငံ မဲဆောက် မြို့ သို ဘတ်(စ)ကား အကူ သဖွယ်ဟန်ဆောင်၍
စစ် အစိုးရ ၏ ဖမ်းဆီးမှု မှ လွတ်မြောက်အောင် ရှောင် တိမ်းခဲ့ရသည်။

မဲဆောက်သို့ ရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့်ထိုင်းရဲ ကဖမ်းဆီးရမိပြီး မြန်မာ နိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်းရန်
စီစဉ်နေစဉ် မြန်မာ အတိုက်အခံများက အချိန် မှီကယ်တင် နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် တွင် အမေရိကန် နိုင်ငံတွင် နိုင်ငံရေး ခိုလှုံ ခွင့် ရရှိခဲ့သည်။

ဆက်စပ်သတင်း