ထိုင်း ဗီဇာကြေး ပြန်ကောက်ပြီ

ထိုင်းနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာကြေး ကင်းလွတ်ခွင့်ပြုထားရာမှ မတ်လဆန်းမှ စတင်ကာ

ပြန်လည် ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းတစ်ခုမှ စုံစမ်း

သိရသည်။ ယခင် ထိုင်းဗီဇာကြေးကောက်ခံမှု ကင်းလွတ်ခွင့်များကို မတ် ၄ ရက်အထိခွင့်ပြု

ထားပြီး မတ် ၅ ရက်မှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ယခင်ကာလများအတွင်း ထိုင်းဗီဇာကြေးကောက်ခံရာတွင်ဗီဇာကြေးအဖြစ် ၃၅ ဒေါ်လာကောက်
ခံကြောင်း သိရသည်။ ဗီဇာကြေး ကောက်ခံမှုနှင့်ပတ်သက်၍ “ အရင်တုန်းက ခရီးသွားတွေအနေနဲ့က ဗီဇာ

ကြေးမကောက်ခံတဲ့အတွက် သူတို့အတွက် တခြားနေရာတွေမှာပိုပြီးအသုံးပြုနိုင်ကြပါတယ်။

နိုင်ငံအနေနဲ့က တခြားနေရာတွေမှာ ၀င်ငွေလဲရကြပါတယ်။ အခုကျတော့ အဲဒီလိုကောက်ခံ

ရင် သုံးစွဲတဲ့ငွေအရေအတွက် လျော့နိုင်ပါတယ်” ဟု ထိုင်းနိုင်ငံတွင်သွားရောက်လုပ်ကိုင်သူ

တစ်ဦးက ပြောပြခဲ့ကြောင်း  ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)

ဂျာနယ်တွင် ဖော်ပြထားပါသည်။