တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု

Ubuntu Popularize in Burmese Geeks

အခုတလော ဦးဘွန်ထူးက မြန်မာ ပြည်မှာရေပန်းစားလာတယ်
ဘယ်လောက်ထိရေပန်းစားလာလဲဆိုတော့လက်ရှိ ရေပန်း အစားဆုံးဖြစ်နေတဲ့
၂၀၁၀ ရွေးကောက်ပွဲ တို့ ၊၀တ်မှုန်ရွှေရည် ရင်ခွင်ပြောင်းချိန် တို့ ၊ထက်ထက်မိုးဦး
ကလေးထပ်ယူအုံးမယ်တို့ ၊တတိယ အုပ်စု က ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စု မလွတ်
အောင် ဘုရားမှာ ယတြာချေတာ တို့  ထက်တောင် ပိုပြီးရေပန်းစားနေသေးတယ်။

ဦးဘွန်ထူး နဲ့ ပတ်သက်ပြီး သူ့ ကို မသိသေးတဲ့ သူတွေ လဲ ရှိတယ်။အိုင်တီ နည်းပညာ
နယ်က လူမဟုတ်ရင်တော့ ဦးဘွန်ထူး ကိုနဲနဲ စိမ်းမယ်။ ရန်ကုန် က စာနယ်ဇင်း
သမား တစ်ယောက် ကတော့ ဦးဘွန်ထူး ဆိုတာ လက်ရှိ ကိုးကန့် ခေါင်းဆောင်
လို့ ပြောတယ်။ ဘားလမ်းက ဟန်းဆက် အရောင်း ဆိုင်ပိုင်ရှင် ကတော့သူပြော
တာ မမှန် ဘူး ကျွန်တော်သိထားတာက နေပြည်တော်မှာ ကာစီနို ရုံဆောက်ဖို့ အဲလေ
ယောင်လို့ လွှတ်တော်ဆောက် ဖို့ ကန် ထရိုက် ရထားသူ လို့ ဆာဗေး တစ်ခု ရဲ့ စစ်တမ်းမှာ ဖော်ပြထားတယ်။

ဦးဘွန်ထူး ဆိုတာ…

အချစ် သီချင်းတွေ ထဲကလို့ ကိုယ့်နှစ်လုံးသားထဲ ကို အမှတ်မထင် ၀င်ရောက်လာသူလေး လို့ ဆိုရမလား။

တကယ်တော့ ဦးဘွန်ထူး ဟာ အခုခင်ဗျားတို့ ကျွန်တော် တို့ သုံးနေတဲ့ ၀င်းဒိုး လို ပဲ OS ဆိုတဲ့ ကွန်ပျူတာ
အော်ပရေးရှင်း စနစ် တစ်ခုပါပဲ ။ Ubuntu ဆိုတာ လင်းနစ် (Linux) ပေါ်မှာ အခြေခံပြီး တည်ဆောက်ထား
တဲ့ ဆော်ဖ် ၀ဲလ် တစ်ခုပေါ့။ Open Source နည်းပညာ ဖြစ်တဲ့ အတွက် ၀င်းဒိုး လို အခပေးဝယ်သုံးစရာ မလိုဘူး။

ဦးဘွန်ထူး ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ မှာ လင်းနစ်က ကနဦး ဘီတာ အဆင့်အနေနဲ့ စမ်းသပ်ထုတ်လုပ်
တယ်။နှစ်နှစ်ကြာပြီး တဲ့အချိန်  ၂၀၀၆ ခုနှစ် ထိ ဦးဘွန်ထူး က အာရှဘက်မှ သိပ်မတွင်ကျယ်သေးဘူး။ ၂၀၀၇
ခုနှစ်မှာ ထုတ်တဲ့ မိုက်ခရိုဆောဖ် ရဲ့ ဝင်းဒိုး ဗစ်စတာမှာ အားနည်းချက် တွေ ၊Loading ကိုစောင့်ရတဲ့ အချိန်
တို့ တွေ ကြောင့်  ၀င်းဒိုး ပရိသတ်တွေ ကို ဦးဘွန်းထူး က နဲနဲ ဖဲ့ ယူနိုင်ခဲ့တယ်။အဲဒီအချိန်က ဦးဘွန်ထူးရဲ့  ဗားရှင်း
၇.၀၄  ဖီယက်စတီ ဖော့ ထွက်နေတယ့် အချိန်ပါ။ မိုက်ခရိုဆောဖ် အတွက်တော့
ငါ့ဒိန်ခဲ ဘယ်သူ ရွှေ့ ယူသွားတာလဲ ပေါ့။ ဒါပေမယ့် လူလည်ကြီး သားသမီးဖြစ်တဲ့ ဘီလ်ဂိတ်က I recommend
Ubuntu ရယ်လို့ အပြုံးမပျက် (မင်းတို့ လောက်တော့ ငါမမှု ဘူးပေါ့) ပြောသွားခဲ့တယ်။

ဦးဘွန်ထူး ကို အမေရိကန် နိုင်ငံမှာ ပိုအသုံးများကြတယ်။ အထူးသဖြင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ
က သုံးကြတယ်။ မြန်မာ နိုင်ငံမှာတော့ ၂၀၀၇ လောက်ကတည်းက စပြီး သုံးစွဲ သူတွေ ရှိပေမယ့် ၂၀၀၉ ခုနှစ်မှာ ပိုပြီး
တွင်ကျယ်လာတယ်။ ၂၀၀၈/၀၉ ခုနှစ် ပြုလုပ်ခဲ့တဲ့ ကွန်ပျူတာ နဲ့ အိုင်တီ
နည်းပညာ ပြပွဲတွေ မှာ ဦးဘွန်ထူးအကြောင်း ဆွေးနွေးပွဲ တွေ ရှင်းလင်းသရုပ်ပြ မိတ်ဆက်ပွဲတွေ လုပ်လာခဲ့တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်း ဦးဘွန်တု ၉.၁၀ Karmic Koala ရှင်းလင်း သရုပ်ပြ
မိတ်ဆက်ပွဲ ကို နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေ တက်ရောက်ခဲ့တယ်။

ရန်ကုန်မြို့ တွင်ကျင်းပသော ဦးဘွန်တု သရုပ်ပြရှင်းလင်းပွဲ

လက်ရှိ ကမ္ဘာမှာ အသုံးပြုသူပေါင်း သန်း ၄၀၀ နီးပါးခန့် ရှိပြီဖြစ်တဲ့ ဦးဘွန်တု ဆိုတာ ကွန်ပျူတာ ဆောဖ့်
ဝဲ တစ်ခုလည်း ဖြစ်သလို  သူ့ ရဲ့ ရင်းမြစ်က တောင်အာဖရိက ရိုးရာ ဘာသာ စကား တစ်ခုဖြစ်တယ်။ဦးဘွန်
တု ရဲ့ အဓိပ္ပါယ်က တစ်ဦး နဲ့ တစ်ဦး လူသားချင်း စာနာထောက်ထားပါ လို့ တောင် အာဖရိက ခေါင်းဆောင်
ကြီးနယ်ဆင်မင်ဒဲလား ကရှင်းပြပါတယ်။ဦးဘွန်တု ဟာ ပွင့်လင်း လွတ်လပ်တဲ့ လူအဖွဲ့ အစည်းအတွက်မရှိ
မဖြစ်လိုအပ်တယ်။

ဦးဘွန်တု ဟာ လူ့ ဘ၀ ရဲ့  အကောင်းမွန်ဆုံးနည်းလမ်းတစ်ရပ် ၊သူဟာ လူမှုရေး၊ယဉ်ကျေးမှု နဲ့ နိုင်ငံ
ရေးပဲ ကိုယ်ကျင့်တရား မခေါင်းပါးရေး အတွက် ဦးဘွန်တုက သိပ်ကို အရေးပါတယ်လို့  ဘုန်းတော်ကြီး
ဒက်စမွန် တူးတူး ကဆိုပါတယ်။

ဦးဘွန်တု ဟာ လူ့ ဘ၀ ရဲ့  အကောင်းမွန်ဆုံးနည်းလမ်းတစ်ရပ် ၊သူဟာ လူမှုရေး၊ယဉ်ကျေးမှု နဲ့ နိုင်ငံ
ရေးပဲ ကိုယ်ကျင့်တရား မခေါင်းပါးရေး အတွက် ဦးဘွန်တုက သိပ်ကို အရေးပါတယ်လို့  ဘုန်းတော်ကြီး
ဒက်စမွန် တူးတူး ကဆိုပါတယ်။

လင်းနစ် ဖန်တီးသူ Linux Foundation ရဲ့ အကြီးအကဲ ဖင်လန် နိုင်ငံသား လင်းနစ် ထော်ဗလ်ကတော့
ကမ္ဘာကြီးက တစ်ယောက် ကို လေးစားစိတ်၊ ကိုယ်ချင်းစာစိတ် ၊လူသားချင်းညှာတာ ထောက်ထားစိတ်
တွေ အလိုအပ် ဆုံးပဲ လို့ ဆိုပါတယ်။သူက ဒီအာဖရိက အယူအဆ ကိုယူပြီး သူ့ ဆောဖ်ဝဲ ကို နာမည်ပေး
ခဲ့တာ လို့ ဆိုပါတယ်။ ကျွန်တော်တို့ တစ်ယောက် ကို တစ်ယောက် လိုအပ်ပါတယ် အဲဒီတော့ တစ်ယောက်
ကိုတစ်ယောက်ညှာတာ ထောက်ထား ဖို့ အလိုအပ်ဆုံးပဲ ၊ဒါခေတ်သစ် ကမ္ဘာကြီး အတွက် အရေးကြီး ဆုံး
ကျင့်ဝတ်တစ်ရပ်ပဲ လို့ ဆိုပါတယ်။

ဦးဘွန် တု OS ကိုမြန်မာဘာသာဖြင့် အသုံးပြုနိုင်သည်။

မြန်မာဦးဘွန်တုအသုံးပြုသူများအဖွဲ့ 

မြန်မာဦးဘွန်တု နည်းပညာ စာမျက်နှာ

ဦးဘွန်တု ဒေါင်းလုပ် လုပ်ရန် ဤနေရာတွင်တစ်ချက်ခေါက်ပါ