ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ

သတင်း ပုံနှိပ်ချိန် ….မြန်မာစံတော် ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်

Myanmar court rejects Aung San  Suu Kyi House Arrest appeal: court witness

ဒေါ်အောင်ဆန်းစုကြည်၏အမှုအားတရားရုံးချုပ်မှပယ်ချပြီးနောက် သူမ၏ရှေ့နေဦးဥာဏ် ၀င်းနှင့် ဦးကြည်ဝင်းတို့ ရန်ကုန်အခြေစိုက်နိုင်ငံခြားသတင်းထောက်များ နှင့်ပြည်တွင်းသတင်းထောက်များကမေမြန်းစဉ် ဓာတ်ပုံ-အေပီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်
အမှုပြင်ဆင်ချက်ကိုယနေ့ နံနက်၁၀ နာရီ ရှစ်မိနစ် တွင် ဗဟိုတရားရုံးက ပယ်ချလိုက်
သည် ဟု Freedom News Groupမှသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်
အကျယ်ချုပ်အမှု အားစစ်အစိုးရ ထိန်းချုပ်ထားသည့် ဗဟိုတရားရုံးက ပယ်ချပြီးနောက် ရန်ကုန်
မြို့ အနှံ လုံခြုံရေးများ တိုးမြှင့်ချထားသည်။

တရားရုံးမှ ပယ်ချပြီးနောက် ရန်ကုန် နိုင်ငံရေး အသိုင်း အ၀ိုင်းက ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေ သည်
ပျက်ပြယ် သွားပြီ ဖြစ်၍ တရားမ၀င်ဟု ဆိုကြသည်။

၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်
ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ
အယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်
ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ
အယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစား
ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်
အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတော
အတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် အတွင်း ၁၄ နှစ် အထိန်းသိမ်းခံ ဘ၀ ဖြင့်နေထိုင်ခဲ့ရသည်။