ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့ မည်ဟု သုံးသပ်မှုများရှိ

ရန်ကုန်။။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ နေအိမ် အကျယ်ချုပ် အမှုပြင်ဆင်ချက်ကို
ယနေ့ နံနက် ၁၀ နာရီ ဗဟိုတရားရုံးက ပြင်ဆင်ချက်ချမှတ်တော့မည့် အချိန်နီးကပ်လာချိန်တွင် ဒေါ်
စုလွတ်မြောက်တော့ မည်ဟု ကျယ်ကျယ်ပြန့် ပြန့် သုံးသပ်မှုများရှိနေသည် ဟု ရန်ကုန်မှလာသည့်
အေအက်(ဖ)ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်း ၏ အမှုအား ဗဟိုတရားရုံးချုက်မှ ဖေဖော်ဝါရီလ ၂၆
ရက်နေ့ တွင် စီရင်ထုံးများဖြင့် ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ကိုယမန် နေ့ 
ညနေက စတင် ကပ်ထားသည်ဟု တရားရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာအယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာအယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစား
ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

အချို့ သုံးသပ်သူများက လည်း စစ်အစိုးရလက်အောက်ရှိ တရားရုံးမှ တရား သဖြင့် ဆောင်ရွက်ရန်
ဆိုသည်မှာ မည်သို့ မဖြစ် နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

အသက် ၆၄ နှစ် အရွယ်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မေလက နိုင်
အိမ်အတွင်း သို့ ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော အား လူသားချင်းစာနာ
သောအားဖြင့် လက်ခံထားမှု ကြောင့် ယမန်နှစ် သြဂုတ်လက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည်။

ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတော
အတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် အတွင်း ၁၄ နှစ် ထိန်းသိမ်းခံ ဘ၀ ဖြင့်နေထိုင်ခဲ့ရသည်။

ပြီးခဲ့သည့် သတင်းပတ်များ အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဒုဥက္ကဌ ဦးတင်ဦး လွတ်မြောက်လာစဉ်
မီဒီယာများ ကိုပြောကြားရာဉ် သူလွတ်လာပြီး မကြာခင် ဒေါ်အောင်ဆန်းစုကြည် လည်း လွတ်မြောက် လာတတ်သည် ဟု ဆိုသည်။