ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ
လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တန့် ယန်းမြို့ တွင် တွေ့ ဆုံနေစဉ် ဆွေးနွေးညှိ
နှိုင်းမှု များ အဆင်မပြေ ဖြစ်သည် ဟု သတင်းရရှိသည်။
ထိုအဆင်မပြေမှုများကြောင့် ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်းဦးဆောင်သည့် အဖွဲ့ ဝင် ၈ ဦး
အား ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။(ထိုသတင်း နှင့် ပတ်သက်၍ Freedom News Group မှ သီး
ခြား အတည်ပြုချက် မရရှိသေးပါ)
ထိုတွေ့ ဆုံဆွေးနွေး ပွဲ သို့ ရန်ကုန် ရှိ တရုတ် အဖွဲ့ စည်း တစ်ခုက ကြားဝင်ညှိ နှိုင်းဆွေးနွေးပေးလိမ့် မည်ဟု
လည်း သိရသည်။
မြန်မာ စစ်အစိုးရ မှ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ များ အား နယ်ခြားစောင့် တပ် အသွင်ပြောင်းရေး
ဖိအားပေးနေ သော် လည်း အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည့်  ၀ တပ်
ဖွဲ့ က မူ အကြိမ်ကြိမ် ငြင်းဆန်လျှက် ရှိသည်။
စစ်ရေး နိုင်ငံရေး အတွေ့ အကြုံရှိ သော ၀ခေါင်းဆောင် သည် ၎င်း ၏ တန့် ယန်း ခရီးစဉ် အတွင်း ဝ
အသေခံတပ် ဖွဲ့  ၂၁၀ ကျော် ကိုလည်းခေါ်ဆောင်သွားသည် ဟု သတင်းရရှိသည်။
တရုတ် ၏ ဖိအားပေးမှု ကြောင့် ၀ခေါင်းဆောင်မှာ သွားရောက် တွေ့ဆုံရခြင်း ဖြစ်သည် ။
ယခုနှစ် ဆန်းပိုင်းက လားရှိုး တွင် တွေ့ ဆုံရန် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် မှ ကမ်းလှမ်းသော်
လည်း ၀ခေါင်းဆောင် ပေါက်ယူချန်း က ပယ်ချခဲ့သည်။
မြန်မာ စစ်ဘက်ကိုယ်စားလှယ်နှင့် ၀ခေါင်းဆောင် တွေ့ ဆုံဆွေးနွေးနေစဉ် သံလွင် မြစ် အရှေ့ ဘက်
ခြမ်းရှိ ၀ နယ်မြေ တွင် စစ်ရေး အသင့် ပြင်ထားသည်။
ဝတပ်ဖွဲ့ တွင် အမြဲတမ်း လက်နက် ကိုင် အား သုံးသောင်း ကျော်ရှိသည်။
