
နာမည်ကျော် ကဗျာဆရာများဖြစ်သည့် အောင်ဇင်မင်း၊သစ္စာနီ၊မောင်လင်းရိပ်၊မင်းထက်မောင်နှင့်
မင်းထင်ကိုကိုကြီး တို့ ဦးစီးပြီး မတ်လ ၂၁ ရက်နေ့  ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် အဖြစ်
ရန်ကုန် မြို့ တွင် ကဗျာလက်ရေးပြပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း Freedom News Groupမှ သတင်းရရှိ
သည်။
ပြပွဲကို မတ်လ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့ အထိ ပန်းဆိုးတန်း လမ်းအထက်လမ်းရှိ ပန်း ဆိုးတန်း ပန်းချီခန်းမ ၌ ကျင်းပမည်ဖြစ်သည်။
စာမူ နောက်ဆုံးလက်ခံမည့် ရက်မှာ မတ်လ ၂၀၁၀ ခုနှစ် မတ်လ ၁ ရက် နေ့ ဖြစ်သည်။

