
ရဲရွာရေအားလျှပ်စစ် မှ ဓာတ်အားများစတင်ထုတ်လွှင့်နေပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့ တွင်
မီးပုံမှန်လာ နေပြီ ဟု စစ်အစိုးရ သတင်း အာဘော်များတွင် ဖော်ပြထားသော် လည်း မြန်မာနိုင်
ငံရန်ကုန် မြို့ တွင် ပုံမှန် မီးပျက်ဆဲ ဖြစ်သည်။
မီးပုံမှန် မဖြစ်သေးသော် လည်း လျှပ်စစ်မီး ပုံမှန် ပြန်ဖြစ်လာပါက လျှပ်စစ်မီတာကြေးများ တက်
နိုင်သည် ဟု ကျောက်တံတားမြို့ နယ်မှ လျှပ်စစ် ဓာတ်အားပေးဌာန ၀န်ထမ်းတစ်ဦးက Freedom
News Group သို့ ပြောသည်။
အခြေခံကျောင်းများမှကျောင်းသားများမှာ စာမေးပွဲ ဖြေဆိုနေရသော် လည်း ရန်ကုန်မြို့ တွင်
ပျမ်းမျှ လျှပ်စစ်မီးလာနှုန်းမှာ တစ်နေ့ ခြောက်နာရီထက် မပိုချေ။
ရန်ကုန်မြို့ တွင် လျှပ်စစ်မီး ပေးဝေမှု နှင့် ပတ်သက်၍ ” ဗိုလ်ချုပ်ရွာတို့ ၊ တခြားအစိုးရရုံးလို
နေရာ မျိုးတွေပဲ လျှပ်စစ်မီးက ပုံမှန် လာသေးတာ မြို့ ထဲဘက်တွေ မှာ မီးပေးချိန် နဲနဲ တိုး
တယ်၊မြောက်ဥက္ကလာ ၊သာကေတ ၊အင်းစိန် ၊ဒဂုံမြို့ သစ်ဘက် ဆိုပုံမှန် အတိုင်းပဲ ဟု
အခြေခံပညာ အထက်တန်းကျောင်းသား တစ်ဦးက ပြောသည်။
ရန်ကုန် မြို့ လိုပင် အခြားနယ်မြို့ များမှာ လည်းပုံမှန် အတိုင်းမီးပျက်ဆဲဖြစ်သည်။
ရဲရွာ ရေအားလျှပ်စစ် သည် ၇၉၀ မီဂါဝတ် ထုတ်လုပ် နိုင်သည် ဟု လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။
မြန်မာ စစ်ခေါင်းဆောင်များသည် ရဲရွာရေအား လျှပ်စစ်ကို ၎င်း တို့ စုပေါင်း
နေထိုင်သည့် နေပြည်တော် မြို့ အတွက် ရည်ရွယ် ၍ တည်ဆောက်ခြင်းဖြစ်သည်။
မြို့ တော်ဟောင်း ရန်ကုန် တွင် ခွဲတမ်းစနစ် ဖြစ်သာ မီးရရှိသော် လည်း နေပြည်တော်
တွင် မူ ဥပ္ပသျှန်တီ စေတီ ဘုရားပွဲ ကျင်းပရာ တစ်လျှောက် တွင်သာမက အခြားနေရာ
များတွင်ပါ မီးများ ထိန်လင်းစွာထွန်း ထားသည်။
