
ရုရှား နိုင်ငံ၏ အကြီးဆုံးလေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် UAC (United
Aircraft Corporation )မှ မြန်မာ စစ်အစိုးရက An- 148(ယူကရိန်းလုပ်) အမျိုးအစား ခရီးသည်
တင်လေယာဉ် များအပါ အ၀င် အီလျှာရှင် နှင့် မီကိုယန် (MIG 35 )တိုက်လေယာဉ်များ ထပ်မံ
ဝယ်ယူ အုံးမည် ဟု ယနေ့ ထုတ် ပရာဗဒါ သတင်းစာတွင် ရေးသားထားသည်။
မြန်မာ စစ်အစိုးရသည့် ယမန် နှစ်က ရုရှား ထံမှ တိုက်လေယာဉ် ဒေါ်လာ သန်း ၆၀၀ ဖိုးရှိဂျက်
တိုက်လေယာဉ်များ ၀ယ်ယူရန် စာချုပ်ချုပ် ဆိုခဲ့သည်။
UAC ၏ လက်ရှိ ဥက္ကဌ ဆာဂျီ အိုက်ဗန် နောဗ်က မြန်မာ နိုင်ငံသို့ လေယာဉ်ရောင်းချခြင်းသာ မဟုတ်ပဲ လေကြောင်းနည်းပညာ
နှင့် ပတ်သက်သည့် အကူအညီ များလည်း ပေးသွား အုံးမည် ဟု ဆိုသည်။ ဆာဂျီ အိုင်ဗန် နောဗ်သည် ရှရှား ကာကွယ်ရေး
ဝန်ကြီး နှင့် ဒုဝန်ကြီးချုပ်များ ထိတာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။
မြန်မာ နိုင်ငံထက် ပို၍ နိုင်ငံခြားဝင်ငွေ ရှိသော ဗီယက်နမ် နိုင်ငံပင် လျှင် တစ်နှစ်လျှင် နိုင်ငံ၏ လေတပ် အတွက် ဒေါ်
လာ သန်း ၄၀၀ သာ အသုံးပြုသည်။(ဗီယက်နမ် နိုင်ငံသည် ရေတပ် အင်အား ကို ပိုမို တည်ဆောက်သည်)
