ရန်ကုန်မြို့ ရှိ ဆုကြေးစားဘောလုံးကလပ် အသင်းများနှင့် ညှိုနှိုင်းရာမှ အဆင်မပြေဖြစ်ခဲ့သည့်
ကင်မရွန်း ဘောလုံးနှစ်လုံးသမား နှစ်ဦး အား ယနေ့ လမ်းမတော်မြို့ နယ်တရားရုံးက ထောင်ဒဏ်
အသီးသီး ချမှတ်ခဲ့သည်။
၎င်း တို့ နှစ်ဦး တည်းခိုနေသည့် ဟိုတယ်တွင် အမေရိကန် ဒေါ်လာ အစစ်ကို ပင် အတုကဲ့သို့ ဖန်တီးပြီး
ငွေ စက္ကူ အတုလုပ်တတ်သည် ဟု လိမ်လည် ၍ ဒေါ်လာအတု လုပ်တတ်သူများမှ ငွေလိမ်လည် ယူရန်
ကြံစည်ခဲ့ ခြင်းဖြစ်သည်။
တစ်ဦးမှာ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံရပြီး စစ်ဆေးနေစဉ် ပြင်သစ်သံရုံးသို့ ဝင်ပြေးသူ နောက် တစ်ဦးမှာ
ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံရသည်။
ကင်မရွန်း နိုင်ငံသား နှစ်ဦး၏ တရားရုံး စီရင်ချက် အမိန့် အား ရန်ကုန်ရှိ အခြားဘောလုံးကလပ်နှစ်ခုမှ
ကင်မရွန်း နိုင်ငံသား ဘောလုံးသမား နှစ်ဦး လာရောက်နားထောင်ခဲ့သည်။
