ညအပူချိန် ပြောင်းလဲခြင်းကြောင့် လေဆင်နှာမောင်းနှင့် လေပြင်းများတိုက်ခတ်မည့် သတိပေးချက်များထုတ်ပြန်

ယနေ့ ထုတ်ကြေးမုံသတင်းစာတွင် ရာသီဥတု သာသာယာယာရှိမည်ဟုသာဖော်ပြထားသည်

မြန်မာ နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်း အပူချိန် သိသိသာသာ ကွာဟ မှုကြောင့် လေစီးကြောင်း
ရုတ် တရက် ပြောင်း လဲမှု များ ဖြစ်ပေါ် နိုင် သည့် သတိပေးချက်များထွက်ပေါ်

မြန်မာ နိုင်ငံရန်ကုန် မြို့ ၏ အပူချိန် မှာ ရှေ့တစ်ပတ် အတွင်း သိသိသာ ပြောင်းလဲ သွားပါက
ပင်လယ်ကမ်းခြေနှင့် အနီးဆုံးမြို့ များဖြစ်သည့် ရန်ကုန် ၊ဧရာဝတီ နှင့် မွန်ပြည်နယ် တို့ တွင်
တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ခြင်း ၊လေဆင်နှာမောင်းများဖြစ် ပေါ်ခြင်း တို့ ဖြစ်လာ
နိုင်ကြောင်း ဧရာဝတီ တိုင်းရှိ နိုင်ငံတကာ အကူအညီပေးရေး ၀န်ထမ်းများ ဆီသို့ ၎င်း တို့ ၏
သက်ဆိုင်ရာ ပြည်ပ NGO များမှ ပေးသော မိုးလေ၀သ သတင်းထုတ် ပြန် ချက်များတွင်
ဖော်ပြထားသည်။

ရန်ကုန် ၏ လက်ရှိ အပူချိန်မှာ ၇၃ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး သိသိသာ အပူချိန် ပြောင်းလဲ
ပါက မိုးတိမ်တောင် များ ဖြစ်ပေါ်ကာ စိုက်ဆင်းလေမုန် တိုင်း ဖြစ်ခြင်း မိုးသီးကြွေခြင်း နှင့်
မိုးကြိုးပစ် ခြင်း တို့ ဖြစ်ပေါ် နိုင်သည်။မြန်မာ နိုင်ငံတောင်ပိုင်းတွင် နွေရာသီ ဥတု အပူချိန် ဖြစ်ပေါ်နေပြီး
အထက်ပိုင်းဒေသများတွင်၄၉ ဒီဂရီ ဖာရင် ဟိုက် သာရှိသဖြင့် လေထုမငြိမ်မ
သက်မှုများ ဖြစ်ပေါ်နေကြာင်း ရန်ကုန်တွင်ကြိုတင် သတိပေးမှု များဖြစ်ပေါ်နေသည်။

လေထု မတည်ငြိမ်ခြင်းကြောင့် တောင်ပေါ်ဒေသများတွင်မူ မိုးသည်းထန်စွာရွာခြင်း နှင့်
မြူနှင်းကျ ခြင်းတို့ ကြုံတွေ့ နိုင်သည်။

ဘင်္ဂလားပင်လယ်အော် တွင် လည်းရာသီပြောင်း ချိန်တွင် အင်အားအသင့်အတင့်ရှိ
သော လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လာ နိုင်သည် ဟု ဟိန္ဒူစတန် တိုင်း သတင်း
စာတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်တွင် မူ မုန်တိုင်းငယ် တစ်ခု ထက်မက ရှေ့တစ်လ အတွင်းဖြစ်
နိုင်သည်ဟု  နိုင်ငံတကာမိုးလေ၀သ လေ့လောစောင့်ကြည့်ရေး ဧဂျင်စီ ၏ အင်တာ
နက်စာမျက်နှာ တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံတွင် ထိုကဲ့သို့ ရာသီဥတု ကွာခြားမှု မှာ ဆယ်နှစ်တစ်ခါ လောက် ဖြစ်
ပေါ်လေ့ရှိသည် ဟု သိရသည်။