Freedom News Group ‘s Favourite
ဒီနှစ် အတွက် အကောင်းဆုံးဇာတ်ကား ဆု အဖြစ် ဆယ်ကားလျှာထား
ခံရတဲ့ အနက်မှ The Hurt Locker ဇာတ်ကားကို ဆုရရှိမယ် လို့ မျှော်လင့်
ထားပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီး ဒါရိုက်တာ Kathryn Bigelowရိုက်
ကူးထား တာ ဖြစ်ပြီး သူ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း
ရိုက်ကူးတဲ့ Avatar နဲ့ ဆုအပြိုင် လျှာထားခြင်း ခံရပါတယ်။
The Hurt Locker ရော Avatar ဇာတ်ကား နှစ် ကားလုံးပါ ဆုကိုးဆု လျှာ
ထားခံရပါတယ်။
ဒီဇာတ်ကား ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ လေး ရက် နေ့ ကစပြီး ကမ္ဘာ
တစ်ဝှမ်းမှာ ရုံတင် ပြသခဲ့ပါတယ်။ အီရတ် မှာ ရောက်နေ တဲ့ အမေရိကန်
ဗုံးရှင်းလင်းရေး နဲ့ စနက်တံဖြုတ်ရေး အထူးတပ်ဖွဲ့ အကြောင်း ကို ရိုက်ကူးပြ
သထားတာပါ။ တင်ပြပုံဆန်းသစ်ပါတယ်။
စွန့် စားပြီး လုပ်တာ တွေ ၊အရဲ စွန့် ရ မယ့် အလုပ် မျိုးတွေ ဟာ မှားသလား
မှန်သလား ၊နောင်တ တွေ ကို ဖြစ်စေသလား ၊ အားရကျေနပ်မှု ကို ဖြစ်စေ
သလား ကျွန်မ တို့ ဘ၀မှ စွန့် စားဖို့ လိုသလား မလိုဘူးလား ဆိုတာ ဒီဇာတ်ကားမှာ တွေ့ ရမှာပါ။
