ငွေစုဘဏ် အပ်ငွေ အနည်းဆုံး ကျပ်တစ်သောင်းရှိရမည် (ဆယ်ဆတိုးမြှင့်)

Myamar To Boost Saving Account Minium Balance

စာရင်းသေ ဟု ခေါ်ကြသည့် ငွေစုဘဏ် အပ်ငွေ (Saving Account )မှာ ဧပြီလ တစ်ရက် နေ့ မှ
စ၍ အနည်းဆုံးကျပ် တစ်သောင်းရှိ ရမည် ဖြစ်ကြောင်း မြန်မာ့ နိုင်ငံတော် ဗဟို ဘဏ် က မတ်လ
၃ ရက် ရက်စွဲ ဖြင့် သတင်းထုတ် ပြန်လိုက်သည်။

ယခင်က အပ်ငွေ စာရင်း တစ်ခုလျှင် အနည်းဆုံး ကျပ် တစ်ထောင် (၁၀၀၀ ကျပ်) သာသတ်မှတ်
ထားရာ ယခု ပြင်ဆင် လိုက်သော နှုန်းထားသစ် သည် ဆယ်ဆ တိုး မြှင့် လိုက်ခြင်းဖြစ်သည်။

ငွေစုဘဏ် အပ်ငွေ တွင် ကျပ် တစ်သောင်း မပြည့်မှီသူ များသည် ဧပြီလ တစ်ရက် နေ့ မတိုင်ခင်
ကျပ် တစ်သောင်း ပြည့်မှီ အောင် ဖြည့် တင်းကြရမည် ဟု သတင်း ထုတ်ပြန် ထားသည်။ကျပ်
တစ်သောင်း မပြည့်သည့် စာရင်းရှင် များ ကို အတိုး မပေး ဟု မြန်မာ့ စီးပွားရေး ဘဏ် ဘဏ်
ခွဲ ၃ မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

ဘဏ်ငွေကြေး နားလည် သည့် စီးပွားရေး ပညာ ဘွဲ့ ရ တစ်ဦးက မူ စုဆောင်းငွေ ပမာဏ
ကိုမြှင့်လိုက်တာ နိုင်ငံမှာ ဘဏ္ဍရေး လို ငွေပြနေ တဲ့ သဘော ကို ဆောင် သည် ဟု သုံးသပ်
ပြောကြားသည်။

၂၀၀၉ ခုနှစ် ကုန် ပိုင်းကလည်း မြန်မာ စစ်အစိုးရသည် ငွေ တိုက် စာချုပ်များ ကို ရောင်းချခဲ့သည်။

စာရင်းသေ အပ်ငွေ အနည်းဆုံး ပမာဏ သာ တိုး မြှင့် သတ်မှတ် သော် လည်း ဘဏ်တိုးနှုန်းများ
ကို မူ တိုးမြှင့် ပေးခြင်း မရှိချေ။

ဗဟို ဘဏ်၏ အနည်းဆုံး အပ်ငွေ ပမာဏ တိုး မြှင့် မှုကြောင့် ပုဂလိက ဘဏ်များ၏ စုဆောင်း
ငွေ ပမာဏ လည်း ပြင် ဆင်ပြောင်းလဲ ဖွယ်ရှိသည် ဟု ကမ္ဘောဇ ဘဏ်မှ ၀န်ထန်း တစ်ဦးကပြောသည်။

ယခင်က ငွေစုဘဏ် အပ်ငွေ အနည်းဆုံး ပမာဏမှာ ကျပ် တစ်ရာဖြစ်သည်။