ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

၁၆ : ၃၆ တနင်္လာနေ့ 

Myanmar Enacts Election Law ,But No Date For Poll
ဟိန်းခိုင်ထွန်း

ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဥပဒေကို
ကြေညာလိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်
ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ရွေးကောက်ပွဲ အတွက် ဥပဒေအသေးစိတ
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ၊ တိုင်းဒေသ
ကြီးလွှတ်တော် များမှာ အင်္ဂါနေ့ ထုတ်ဝေသည့် သတင်းစာများတွင်ပါရှိမည် ဖြစ်သည်။

မည်သည့်နေ့ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည် ကို ထည့်သွင်းပြောကြားသွားခြင်းမရှိချေ။

ယခုနှစ် ထဲတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက နိုင်ငံရေး ပါတီများ၏ စည်းရုံးလှုံဆော်ခွင့်
သည် အချိန် ခုနှစ်လ ခန့် သာ ရရှိ တော့မည်ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင်နေသူ တစ်ဦးက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် နှစ်
ရှည်လများ စောင့်ကြည့်ခဲ့ရ၍ မနက်ဖြန် ဘာပါလာမလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့ သည်
ဟု ဆိုသည်။

One thought on “ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

  1. အရမ်း ကောင်းပြီး အကျိုးရှိတဲ့ သတင်းပါခင်ဗျာ
    ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး update ဇြစ်တဲ့ သတင်းတွေ တင်ပေးပါဦး

Comments are closed.