
ရတနာပုံတယ်လီပို့အား နိုင်ငံပြင်ပ မှအင်တာနက်သုံးစွဲသူ IP User အတုသန်းနှင့်ချီ ၀င်ရောက်
တိုက်ခိုက် ခြင်းကြောင့် ဖေဖော်ဝါရီ တစ်လလုံး အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်
ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု ယနေ့ ထုတ် ပန်းသတင်းဂျာနယ်တွင်
ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀နာရီခွဲကနေ IP User အတုသန်းနှင့်ချီလွှတ်လိုက်တာ။အနည်းဆုံး
၁၀၀မဂ္ဂါဗိုက်လောက်ရှိတယ်။
ထိုသတင်းတွင် ဖေဖော်ဝါရီ တစ်လလုံးမှာ အင်တာနက် ဆက်သွယ်မှု ပြတ်တောက်ကုန်တာက DDOS
(Distribute Denial of Service) ကနေ IP User အတုတွေ လွှတ်လိုက်တယ်။ အင်တာနက်သုံး
တဲ့သူတွေကသုံးပြီဆိုရင် Request တင်ကြတယ်။အဲဒီမှာ IP User အတုတွေရဲ့ Request တွေ
သန်းနှင့်ချီ လွှတ်လိုက်ပြီး Server Down သွားအောင် လုပ်လိုက်တာ။နည်းပညာအရပိုင်ရှင်မသိ
ဘဲ Sever နှစ်ခုကို ထိန်းချုပ်ပြီး ပြည်ပကနေ လှမ်းပြီးတော့လုပ်လိုက်တာ။အင်တာနက်သုံးစွဲသူ
တွေများတော့ Serverကျပ်သွားပြီးကျသွားတဲ့သဘောပဲ။နိုင်ငံတကာအင်တာနက်ဆက်ကြောင်း
ကြီးကတော့ မပျက်စီးဘူး။ ဒီကိစ္စကြောင့်ဖြစ်သွားတာ။ ဒီနေ့အထိ IP User အတုတွေလွှတ်နေ
တုန်းဘဲ။ အခုဆို မတ် ၁ရက်က DDOS Filter တစ်လုံးတပ်လိုက်ပြီးမို့လို့ Filter ကနေ အင်တာ
နက် အမှန်တကယ်သုံးစွဲသူနဲ့ အတုကိုခွဲပြီး စစ်ထုတ်ပေးလိုက်လို့ အင်တာနက်ကောင်းကောင်း
သုံးစွဲနိုင်ပါပြီ” ဟု ယင်းကပြောသည်။ အဆိုပါပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်ရတနာပုံတယ်
လီပို့အနေဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်တွင်း အိုင်တီကုမ္ပဏီများ၊ ပြည်ပ အိုင်တီ
ကုမ္ပဏီများ အတူပူးပေါင်းအဖြေရှာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒါမျိုးက နိုင်ငံ
တကာမှာရှိတယ်။ အထူးသဖြင့် အင်တာနက်ဂိမ်းကစားတဲ့သူတွေကိုတိုက်ခိုက်တာ။ IP User
အတုတွေလွှတ်ပြီး အင်တာနက်ဂိမ်းထဲဝင်လို့မရအောင် DDOS ကိုငွေပေးပြီးလုပ်ခိုင်းတာတွေ
ရှိတယ်။ သူတို့က နည်းပညာ ကျွမ်းကျင်လို့ လုပ်ကြတာ။ သူက အနည်းဆုံး ၁၀၀ မဂ္ဂါဗိုက်
လောက်ရှိတဲ့ Attacker သုံးဦးက တိုက်ရင် ၃၀၀မဂ္ဂါဗိုက်လောက် ဖြစ်သွားတော့ ကျပ်ကုန်ပြီး
သုံးမရဖြစ်တဲ့သဘောပဲ။ Server တွေကို အင်တာနက်ကနေပိုင်ရှင်မသိအောင်လှမ်းထိန်းချုပ်
ပြီး နည်းပညာနဲ့လုပ်ကြတာ”ဟုကွန်ပျူတာပညာရှင်တစ်ဦးကပြောသည်။ယင်းဖြစ်ရပ်ကြောင့်
ရတနာပုံ တယ်လီပို့၏ အင်တာနက် သုံးစွဲသူများတွင် ထိခိုက်ခဲ့ပြီး အထူးသဖြင့် လေကြောင်း
လိုင်းများတွင် E-Ticket လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် အများဆုံးထိခိုက်ခဲ့သည်။
ယင်းကဲ့သို့အချိန်တစ်လ၀န်းကျင်တိုက်ခိုက်ခံခဲ့ရခြင်းကြောင့်သုံးစွဲသူနှင့်အင်တာနက်ဆိုင်များ
အခက်အခဲဖြစ်ခဲ့ပြီး မတ် ၁ ရက်မှစ၍ လိုင်းပုံမှန်ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း မာတီ
ပွိုင့်အင်တာနက်ဆိုင်မှသိရသည်။ “ကျွန်တော်တို့ကြားတာက Server ထိသွားတယ်ပြောတာ
ပဲ။ အခုရက်ပိုင်းမှ လိုင်းပြန်ကောင်းလာတယ်။ပြီးခဲ့တဲ့လကတော်တော်လိုင်းကျပ်တယ်။ ကွန်
နက်ရှင်ကျနေပြီးသုံးရတာ အဆင်မပြေခဲ့ဘူး” ဟုဆိုင်တာဝန်ခံတစ်ဦးကပြောကြားခဲ့ကြောင်း
၂၀၁၀ခုနှစ် မတ်လ ၉ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
