
Freedom News Group နှင့်နိုင်ငံတကာ ရုပ်ရှင်ဆောင်းပါးများ ရေးသားသူ
ငြိမ်းချမ်းငြိမ်း မှ ခန့် မှန်းသည့် The Hurt Locker ဇာတ်ကားသည် ၈၂ ကြိမ်မြောက်
အော်စကာ ဆုပေးပွဲ တွင် အကောင်းဆုံးဇာတ်ကားနှင့် အကောင်းဆုံးဒါရိုက်တာ ဆုရရှိခဲ့သည်။
အော်စကာဆုပေးပွဲ သမိုင်းတွင် အမျိုးသမီး ဒါရိုက်တာ ကူးခဲ့သော ဇာတ်ကား မှ ပထမ ဦးဆုံးအကြိမ်အော်
စကာဆုရရှိခဲ့ခြင်း ဖြစ်သည်။The Hurt Locker ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာ
နှင့် အကောင်းဆုံရုပ်ရှင် တည်းဖြတ်မှု ဆုအပါအ၀င် ဆု ၆ ဆု ရရှိခဲ့သည်။

The Hurt Locker ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာ ကတ်သရင်းဘီဂယ်လိုရိုက် ကူးထားခြင်း
ဖြစ်သည်။ဟောလိဝုဒ် ရုပ်ရှင် ဝေဖန်ဆရာ များက ပင် ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန် အကောင်းဆုံးဇာတ်ကား
အော်စကာဆုရရှိမည် ဟု ခန့် မှန်းခဲ့ကြသည်။
The Hurt Locker ဇာတ်ကားသည် အီရတ်ရောက် အမေရိကန် စစ်တပ် ဗုံးရှင်းလင်းရေး နှင့် စနက်တံဖြုတ်
ရေးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ထိုဇာတ်ကားသည် ယခုနှစ် အော်စကာ ရရှိသည့်
ဇာတ်ကာများ တွင် ထုတ်လုပ်မှု ကုန်ကျ စရိတ် အနည်းဆုံး ဇာတ်ကား ဖြစ်သည်။
ငြိမ်းချမ်းငြိမ်းသည် အကောင်းဆုံးဇာတ်ကားရရှိမည့်ဇတ်ကားများကို
၂၀၀၆ ခုနှစ်က Crash (ဟန်သစ် မဂဇင်း)၂၀၀၇ ခုနှစ်က The Departed (ရတီ မဂ္ဂဇင်း)
၊၂၀၀၈ ခုနှစ်က No Country for Old Men (မဇ္ဈွိမ )၊၂၀၀၉ ခုနှစ် Slumdog Millionaire (မဇ္ဈွိမ) နှင့်
The Hurt Locker (မဇ္ဈွိမ) တို့ တွင် ခန့် မှန်းရေးသားခဲ့သည်။

