ဟိန်းခိုင်ထွန်း
အခုတော့ ဒီသတင်းစာထုတ်ကြီးရော ဘယ်လိုလုပ်မလဲ ရောင်းရမယ် ထင်လို့ ဟု ပြောသူမှာ
သင်္ဃန်းကျွန်းမြို့ နယ်မှ သတင်းစာ၊ဂျာနယ် လက်ပွေ့ ရောင်းသူ တစ်ဦးဖြစ်သည်။သူက ဆက်ပြီး
သားအကြီးကောင် ဆယ်တန်းဖြေမှာမို့ အနီးကပ်လေးထားလို့ ရပြီ ဆိုပြီးရင်းလိုက်တာ အခုတော့
လေးစောင်ပဲ ပိုရောင်းရတယ် ဟု သူ က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ပါရှိသည် ဆိုသည့်
သတင်းစာ ပုံကြီး ကိုကြည့်ကာ မျက်ရည်လေး တစ်ရှုံရှုံ့ ဖြင့်ပြောသည်။
ထိုဂျာနယ် အရောင်းသမားလိုပင် တနင်္လာနေ့ ညနေ လေးနာရီ သတင်းတွင် ရွေးကောက်ပွဲဥပဒေ
ထွက်ရှိမည် ဟု ကြေညာကတည်းက စီစစ်ရေးနောက်ဆက်တွဲ ဖြင့် တင် ကာ စောင်ရေတိုးထုတ်ဝေ
ထားသော ဂျာနယ် များမှာ လည်း အရှုံးပေါ်သည် ဟု သိရသည်။
သတင်းဂျာနယ် အယ်ဒီတာ တစ်ဦးက မူ “ကျွန်တော့် ကိုတော့ ပတ်ဘလစ်ရှာ ဖြုတ်ပစ်တော့မလား
မသိဘူး၊အကယ်ဒမီ တုန်းက လည်း စောင်ရေတိုးထုတ်တာ မရောင်းရ ၊အခုလည်း မရောင်းရ ဆိုတော့။
ဟုပြောသည်။
စစ်အစိုးရ ၏ ရွေးကောက်ပွဲ ဥပဒေ တွင် တရားရုံးတစ်ခုခု မှ ပြစ်ဒဏ်ချမှတ်ခံနေရသူများ ၊ထိုပြစ်
ဒဏ်ကို မကြိုက်သဖြင့် စောဒက တက်သူများ မပါဝင်စေရ ဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်း
စုကြည် အားတမင်ရည်ရွယ်၍ တားမြစ်ထားသည် ဟု ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေရေးရာ ကျွမ်း
ကျင်သူ ဟု ဆိုသည့် တတိယ အင်အားစု ၀င် တစ်ဦးကပြောသည်။
ဝါရင့် ဂျာနယ် အရောင်းသမား တစ်ဦးကမူ ဒေါ်စု ရွေးကောက်ပွဲမှာ ပါလို့ မရတော့ ဘယ်သူက
ပိုက်ဆံ အကုန်ခံပြီး ၀ယ်မှာ လဲ ဟုပြောသည်။
စစ်အစိုးရသည် ရွေးကောက်ပွဲ ကို ခြေခင်းလက်ခင်းသာပြီ အခြေအနေ ပေးသော တစ်နေ့ တွင်ကျင်း
ပဖွယ်ရှိသည်။

စိတ်ဝင်စားစရာတခုမှမပါတာကွာ…ဟုတ်တာတွေရေးရင်ဝယ်ဖတ်မယ်