Bangkok : Let the game begins

၂၀၀၆ ခုနှစ်က စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းခြင်းခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုလားသူတွေတည်ထောင်ဖွဲ့ စည်းထားတဲ့ အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီတပ်ဦးက (United Front for Democracy against Dictatorship (UDD) ဦးဆောင်ပြီး နိုင်ငံတ၀ှမ်းက UDD အဖွဲ့ ဝင်တွေဟာ ဘန်ကောက်ကိုချီတက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ဒီနေ့ မနက်မှာ သက်ဆင် ရဲ့ အမာခံ နယ်မြေတွေ ဖြစ်တဲ့ ချင်းမိုင် က အနီရောင်ဝတ် အင်အား လေးထောင်ကျော်လောက် ဟာ ဆူခိုထိုင်း၊ဖိစနူလောခ် တို့ ကို ဖြတ်ပြီး ဘန်ကောက် ကိုချီတက်မှာ ဖြစ်ပါတယ်။တခ်ခရိုင် ၊ နခွန်ဆ၀န် နဲ့  ကမ်ဖယ်ဘက်က စစ်ကြောင်းတွေ ကတော့ ဒီနေ့ ညနေမှာ ထွက်မှာ ဖြစ်ပြီး နက်ဖြန် မနက် အာရုံတက်ချိန် မှာ ဘန်ကောက် မြို့ ထဲကို ၀င်မှာ ဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ဇ္ဇာဇီဝ ကလည်း အဓိကရုန်း နှိမ်နှင်းရေး ရဲအင်အား ငါးထောင်ကျော်ကို
ဘန်ကောက် တ၀ှမ်း အဆင်သင့် အနေအထားရှိ အောင်စီစဉ် ထားပြီး နိုင်ငံရဲ့ အရေးအပါဆုံးနေရာဌာနတစ်ခု ဖြစ်တဲ့ သုဝဏ ဘုမ္မိ လေဆိပ်မှာတော့ စစ်တပ်၊ရဲ၊အပါအ၀င် အရေး ပေါ်စီမံခန့် ခွဲမှု တပ် ဆိုတဲ့ အသစ်ဖွဲ့ စည်းထားတဲ့ တန်ပြန် အကြမ်းဖက် တပ်လိုမျိုး တပ်တစ်တပ် ပါချထားပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က ထိုင်း တရားရုံးက သက်ဆင် ရဲ့ ပိုင်ဆိုင်မှုတွေထဲက နိုင်ငံပိုင်ငွေကြေး အလွဲသုံးစား လုပ်မှု ၊အခွန်ရှောင်မှု စွဲချက်တွေ နဲ့  သူပိုင် ထိုင်းဘတ်ငွေ ရ၆ မီလျှံ (အမေရိကန် ဒေါ်
လာ ၂.၃ ဘီလျှံ ကိုသိမ်းယူလိုက်တယ် လို့ စီရင်ချက် ထွက် ပြီး ကတည်းက UDD အဖွဲ့ ဝင်တွေက
ဘန်ကောက်ကို စုရုံးပြီး ချီတက်ဖို့ ပြင်ဆင်ထားကြတာဖြစ်ပါတယ်။
Democratic Alliance Against Dictatorship လို့ လဲတရား ၀င်မှည့် ခေါ်ထားတဲ့ အနီဝတ် အဖွဲ့ 
ဝင် အင်အား တစ်သန်းကျောက် လောက်ဟာ ဘန်ကောက် ထိရောက်ရှိ လာမှာ ဖြစ်ကြောင်း ထို
အဖွဲ့ ရဲ့ စည်းရုံးရေး မှုး တစ်ဦး ဖြစ်သူ ဂျတုပွန် ပရွန် ဖန် က ဘန်ကောက် ပို့ စ်သတင်းစာ ကိုပြော
ပါတယ်။
အနယ်နယ် အရပ်ရပ်က လာမယ့် အနီရောင် ၀တ် တွေ ရဲ့ ရည်ရွယ်ချက် က အစိုးရ အဖွဲ့ ရုံးစိုက်
တဲ့နေရာ၊လေဆိပ် နဲ့  အဓိကကျတဲ့ မီဒီယာ ဌာန တွေ အဆောက်အဦ တစ်ချို့ ကို ၀င်ရောက်စီး
နင်းမယ် လို့ မျှော် လင့်ရတယ် လို့  Mahidol တက္ကသိုလ် Director of Research Centre for Peace Building ကဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ Gothom Arya့  ရိုက်တာ သတင်းဌာန နဲ့ တွေ့ ဆုံခန်း မှာ ထင်မြင်ချက်ပေးထားပါတယ်။

တကယ်လို့ အနီဝတ်တွေ ဟာ အေးချမ်းစွာ ဆန္ဒပြ တာမဟုတ်ပဲ အစိုးရဖြုတ်ချရေး အသွင် ဆောင်ခဲ့လို့ ရှိရင် ISA လို့ ခေါ်တဲ့ Internal Security Act ကိုထုတ်ပြန်ပြီး ထိထိရောက်ရောက် တားဆီးမှာ ဖြစ်တယ်လို့ လဲ အဘီဆစ်က ကြေညာထားပါတယ်။
ထိုင်း နိုင်ငံမှာ ရဲ နဲ့ စစ်တပ် သဘောထား ကွဲလွဲ မှု တွေ ရှိပြီး ချင်းရိုင်ကနေ ချီတက် လာတဲ့ UDD တွေကအခု သတင်းရေး နေ ချိန်မှာ နခွန် ဆ၀န် အထိ ဘာမှ အစစ်အဆေး မရှိ ချီတက် လာ နိုင်ပါတယ်။
ဘန်ကောက်မှာ ရှိတဲ့ ဗြိတိသျှ သံအမတ်ကြီးက မနေ့ က နတာဝ ဆိုင်ကွ အပါအ၀င် DAAD လို့ ခေါ်တဲ့ UDD ခေါင်းဆောင် တစ်ချို့ ကို ခေါ်ယူတွေ့ ဆုံပြီး အကြမ်းဖက်မှု တွေ ရှောင်ရှားကြဖို့ တိုက် တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် ထိုင်းနှစ်သစ် ကူး ရိုးရာ ပွဲ ဆွန်ခရန် ကာလ UDD ရဲ့ ဘန်ကောက် ဆန္ဒပြမှု တွေ မှာ အကြမ်းဖက် လှုံဆော်မှု တွေ ပြု လုပ်ခဲ့တယ် လို့ အဘီဆစ် အစိုးရက စွပ်ဆွဲ ထားပါတယ်။
သံအမတ်ကြီး နဲ့ တွေ့ ဆုံချိန်မှာ UDD ခေါင်းဆောင် တွေက လေဆိပ် ကို သိမ်းပိုက်တာ တို့ 
အစိုးရ အဆောက်အဦတွေ ကို ၀င်ရောက်စည်းနင်းတာ တို့ တွေ မလုပ် ဘူး လို့ ဆိုပါတယ်။
UDD အဖွဲ့ ဝင်တွေ အားလုံးဟာ တနင်္ဂနွေ နေ့ မကစပြီး ဘန်ကောက်မှာ စုရုံး ဆန္ဒပြကာ ၎င်း
တို့ ရဲ့ တောင်း ဆိုချက်တွေ အထမမြောက်မချင်း ဆက်လက် ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်
လို့ ဆိုပါတယ်။
UDD အဖွဲ့ ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဂျာကရာပေါဒ် ပန်ကဲ ကတော့ အောင်မြင်
မှု တွေ မရမချင်း တိုက်ပွဲ ၀င်သွားမယ် ဘန်ကောက် ဒေသခံတွေ ကျွန်တော်တို့ နေ့ အတူရှိနေ
မယ် လို့ ယုံကြည်တယ် လို့ UDD အဖွဲ့ ကထုတ်လွှင့်တဲ့ People Radio Channel ရဲ့ Democracy News Network ရုပ်သံ အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ထပ်မံရရှိသည့် သတင်းများ
သက်ဆင်လိုလားသည့် အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီတပ်ဦးက မတ်လ ၁၂ ရက်နေ့ မှ စတင်၍ဘန်ကောက်အပါအ၀င် နိုင်ငံတ၀ှမ်းဆန္ဒပြပွဲများစီစဉ်သွားမည် ဟု သိရှိရသည်။
နိုင်ငံတကာရှိ သက်ဆိုင်ရာသံရုံးများကလည်း ထိုင်းနိုင်ငံတွင် သွားရောက် လည်ပတ်နေသည့် ၎င်းတို့ ၏ နိုင်ငံသားများအား သတိပေးထားသည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တော်အနီးနှင့်ခရိုင်(၈)ခုတွင် လုံခြုံရေးအရေးပေါ်အခြေအနေအမိန့်ထုပ်ပြန်ရန်အတွက် ထိုင်းအစိုးရမှစီစဉ်လျှက်ရှိနေပါတယ်မတ်လ (၁၂)ရက် သောကြာနေ့တွင် ထုပ်ပြန်လိမ့်မည်။ ထိုင်းနိုင်ငံအတွင်းနိုင်ငံရေးမတည်ငြိမ်မှုများနှင့် အစိုးရကိုအာခံမှုများကို ကြိုတင်ဟန့်တားမှူကို ကြိုတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဘန်ကောက်ရဲ ချုပ်က နေးရှင်း သတင်းစာ ကိုပြောသည်။
