ကမ္ဘာ့ နံပါတစ် အချမ်းသာဆုံး အဖြစ်မှ ဘီလ်ဂိတ် နေရာဖယ်ပေးလိုက်ရ

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး သုံးယောက်၏ အမှန် တစ်ကယ်ချမ်းသာမှု ကိုဤသို့ ပြသထားသည်။

၁၉၉၅ ခုနှစ် ကတည်းက ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁ နေရာ ကို ၁၅ နှစ်ကြာသိမ်းပိုက်လာသည့် မိုက်ကရိုဆောဖ် ကုမ္ပဏီ နှင့် Cascade Invesment တို့ ၏ အကြီးအကဲဖြစ်သူ ဘီလျှံ နာ ဘီလ်ဂိတ်သည် ယနေ့ မက္ကဆီကန် သူဌေးကြီး ကာလိုစ် ဆလင်း အတွက် သူ၏ နေရာကို ဖယ်ပေးလိုက်ရပြီ ဖြစ်သည်။

မက္ကဆီကို ဆက်သွယ်ရေး ကုမ္ပဏီ Telemex ကိုပိုင်ဆိုင်သည့် ကာလိုစ် ဆလင်းသည် သူ၏ချမ်းသာ ကြွယ်ဝမှု ဓန အင်အား ၅၃ . ၅ ဘီလျှံ ဖြင့် Forbes Magazine က ကမ္ဘာ့ အချမ်းအသာဆုံး နံပါတ် တစ် အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။သူသည် မက္ကဆီကို နိုင်ငံ၏ ဆက်သွယ်ရေး
လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်သူဖြစ်သည်။

ဘီလ်ဂိတ်၏ ကြွယ်ဝချမ်းသာမှု မှာ ၅၃ ဘီလျှံသာရှိသည်။ယခု သူသည် ဒုတိယနေရာသို့ ရောက်ရှိသွားပြီး ဘတ်ရှိုင်းယား ၊ဟာသာဝေး ရင်းနှီး မြုပ်နှံ မှု လုပ်ငန်း ပိုင်ရှင် ၀ါရင်း ဘတ်ဖတ် ကမူ
ဓန အင်အား ၃၉ ဘီလျှံ ဖြင့် တတိယနေရာတွင်ရှိသည်။

Face Book ၏ ဖောင်ဒါဖြစ်သည့် မတ်ဇူကာဘတ်မှာ ဓန အင်အား ဒေါ်လာ လေးဘီလျှံ ဖြင့်
နံပါတ် ၂၁၂ နေရာတွင်ရှိပြီး သူက ကမ္ဘာ့ အသက်အငယ် ဆုံး ဘီလျှံ နာဖြစ်သည်။