ရှပ်နီ ဆန္ဒပြမှု စတင် ရဲအချို့ ပါဝင် သဖြင့် လွှတ်တော်ဖျက်သိမ်းရေး အဘီဆစ် နှုတ်ထွက်ရေး တောင်းဆိုချက်မှ သည် ဘုရင်စနစ် ဖြုတ်ချရေးထိဦးတည်နိုင်

Remove the ammat  (Elite ) System

အာရှတိုက်၏ ခောတ်သစ်နိုင်ငံရေး အန်တုမှု ကို ထိုင်း UDD အဖွဲ့ မှစတင်

“If a gunshot is heard, it will mean the beginning of the end for the Abhisit government,” Mr Jatuporn said.

(နေ၀င်း ချစ်ချော့ အုပ်စု UDD ဘက်သို့ ကူးပြောင်းဖွယ်ရှိ)
ကြာသပတေးနေ့ က ပြုလုပ်တဲ့ အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီ တပ်ဦး United Front for Democracy against Dictatorship (UDD)   ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုပြုလုပ်မယ့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေရဲ့ တောင်းဆိုချက်က လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ဖြစ်တယ်လို့ UDD ရဲ့ ပြောခွင့်ရခေါင်းဆောင် တစ်ဦး
ဖြစ်သူ နထ၀တ် ဆိုင်းကွား က သတင်းမီဒီယာတွေ ကိုပြောကြားလိုက်ပါတယ်။

လမ်းခရီး တစ်လျှောက် အစစ်အဆေးမရှိဘဲ ဖြတ်ကျော်လာ နိုင်တဲ့ UDD အဖွဲ့ တွေဘန်ကောက်မြို့ ကို
တဖွဲဖွဲ နဲ့ ဝင်ရောက်လာချိန်မှာ ထိုင်းဒုဝန်ကြီးချုပ် ဆူထေ့က တာဝန်ပေါ့လျှော့တဲ့ ရဲ နဲ့ စစ်တပ်အရာရှိတွေ
ကို အပြစ်ပေးအရေးယူမယ်လို့ ပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ သံဃာတော် တွေ ဆန္ဒပြပွဲထဲ
မပါရဘူး လို့ တားမြစ်ခဲ့ပါတယ်။

ထိုင်းဘုရင်မကြီးက နေ့ တွက်ခထောက်ပံ့ထားသည် ဆိုသည့် ထိုင်းစစ်တပ်

ဒီနေ့ မနက်မှာတော့ အဘီဆစ်ရဲ့ အမိန့် နဲ့  မြန်မာ နဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ အခြေစိုက်တဲ့ တပ်တွေ
ကလွဲရင် ဥဒေါင်းဌာနီ နဲ့ ဖိဆနိုလောခ် အစရှိတဲ့ဒေသက စစ်တပ်တွေ ကို ဆင့်ခေါ်ထားပါတယ်။ဘန်ကောက်
မြို့ မှာပဲ ရဲအင်အား ငါးသောင်းကျော်ချထားတဲ့အပြင် စစ်တပ် နဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်အင်အားတွေကလည်း
တစ်သိန်းကျော်ရှိပါတယ်။

ဒီဆန္ဒပြပွဲ တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ၀င်ရောက်ဆန္ဒပြခဲ့လိုရှိရင်ထောင်ချမယ်၊ဖမ်းဆီးမယ်
လို့ လဲ အလုပ်သမား ၀န်ကြီးဌာန က သတင်းထုတ်ပြန်ထားပေမယ့် UDD လိုလားတဲ့ မဟာချိုင်က လုပ်ငန်း
ရှင်တွေကတော့ ဆန္ဒ၀င်ပြမယ့် သူတွေ ကို နေ့ တွက် မဖြတ်ဘူး လို့ မက်လုံးပေးကာ စည်းရုံးတဲ့ လူလဲ ရှိတယ်
လို့ ခွန်မရန် စက်ရုံက မြန်မာ အလုပ်သမား ကိုထက်အောင်က Freedom News Group ကိုပြောပါတယ်။

တနင်္ဂနွေနေ့ မှာ စတင်မယ်လို့ ကြေညာထားတဲ့ ဆန္ဒပြပွဲမှာ မြန်မာ လူမျိုးတွေလဲ ပါဝင်နိုင်ဖွယ်ရှိပြီး ထိုင်းနိုင်
ငံမှာ နှစ်ရှည်လများ(နှစ်လေးဆယ်)နေလာခဲ့တဲ့ မြန်မာလူမျိုး တစ်ဦး ဖြစ်တဲ့ ဦးထင် ကတော့ ဘုရင်က အာဏာရှင် လိုဖြစ်နေပြီအဘီဆစ် တို့ ကရုပ်သေးရုပ်ပေါ့ အခုဆန္ဒပြမယ့် လူတွေက သက်ဆင်ကို သစ္စာရှိ လို့ ဆိုတာထက် ဘုရင်ရဲ့ လုပ်ရပ်ကို မုန်းနေကြတာ လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ရဲ့ နေအိမ် အနီးတ၀ိုက် မှာ ရဲ နဲ့ စစ်တပ် ချထားပြီး သံချပ်ကာကား ခြောက်စီးကို
လည်းချထားပါတယ်။လတ်တလောမှာ လည်းထိုင်းစစ်တပ်က တောင်ပိုင်းမှာ အသုံးပြုဖို့ လေသင်္ဘောကြီး ၀ယ်ယူမှုမှာအလွဲ
သုံးစားလုပ်တယ်ဆိုတဲ့ သတင်းတွေ ကို ထိုင်းကြည်းတပ် စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါက ငြင်းဆိုထား
ပါတယ်။

အခုသတင်းရေနေတဲ့ အချိန်မှာပဲ ရှပ်နီ အင်အား ငါးသိန်းကျော် ဘန်ကောက်ကိုရောက်ရှိလာပြီး UDD
ခေါင်းဆောင် အချို့ ရဲ့ အကြံပေးချက်အရ သက်ဆင် ရဲ့ မိသားစုဝင်တွေ ဟာ ဂျာမနီ နိုင်ငံ ကိုထွက်ခွာသွား
ပြီ ဖြစ်ပါတယ်။

UDD အဖွဲ့ ထဲမှာ လည်း သက်ဆင် လိုလားသူ နဲ့ အစိုးရ ဆန့် ကျင်ရေး ကိုပဲ လုပ်ချင်တဲ့ အဖွဲ့ ဆိုပြီး နှစ်
ပိုင်းကွဲနေတဲ့ အပြင် သီးခြားအဖွဲ့ ငယ် အချို့ က လက်နက်တွေ မှောင်ခို စုဆောင်းပြီး လက်နက်ကိုင်တော်
လှန်ရေး လုပ်ဖို့ စိတ်အားထက်သန် တယ်လို့ ဆိုပါတယ်။

UDD တွေ ရဲ့ အဓိက တောင်းဆိုချက်တွေ ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး ၊ရေပေါ်ဆီ အလွှာ
တွေ အာဏာကြိုးကိုင် ထားမှု စွန့် လွှတ်ရေး စတဲ့ တောင်းဆိုချက်တွေ မလိုက်လျှောရင် လူထူလှုပ်ရှားမှု
အရှိန် အဟုန် ကို ဒီထက်မြင့်မယ် လို့ ပြောကြားထားပါတယ်။

အဘီဆစ် အစိုးရအနေနဲ့ ကလည်း လာအို က မွှန် လူမျိုးတွေ ကိုပြန်ပို့ တာ မြန်မာ ရွှေ့ ပြောင်းအလုပ်သမား
တွေ ကိုပြန်ပို့ ဖို့ စီစဉ်နေတာကြောင့် နိုင်ငံတကာမှာ လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။

အနီဝတ်တွေ ကို နှိပ်ကွပ်မယ့် အထူးရဲတပ်ဖွဲ့ ဝင်တွေ ကို လည်း မိဘုရားကြီး သီရိခောတ်က ဆုတော်
လာဘ်တော်တွေ ချအုံးမယ်အစိုးရ အဖွဲ့ ထဲမှာ ညွှန့် ပေါင်းအနေနဲ့ ပါဝင်နေတယ့် နေ၀င်း ချစ်ချော့ အုပ်စု
ကလည်း UDD တွေ နဲ့ ပူးပေါင်းမယ်လို့ သတင်းထွက်နေပါတယ်။

ထိုင်းနိုင်ငံ ကိုလာရောက်ဖို့ စီစဉ်ထားတဲ့ နိုင်ငံခြားသား ကမ္ဘာ လှည့် ခရီးသည်တွေ ဟာ သူတို့ ရဲ့ ခရီးစဉ်
အချို့ ကို ပယ်ဖျက်လိုက်တာကြောင့် မြန်မာ့ ကမ္ဘာ လှည့် ခရီးသွား လုပ်ငန်း ပါ ထိခိုက်ဖို့ ရှိပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ ထပ်မံရောက်ရှိလာမယ့် အနီဝတ်တွေ ကို ဘန်ကောက်မြို့ ထဲ ပေးမ၀င်တော့
ဘူးလို့ သိရပါတယ်။ဒီအမိန့် ကို အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာန ကထုတ်ပြန်တာ ဖြစ်ပြီး စစ်တပ်က ဘန်ကောက်
မြို့ ဝင်လမ်းတွေမှာ အသင့်နေရာယူထားတယ်လို့ သိရပါတယ်။

အခုထိ လမ်းတွေ ကို နှစ်ဖက် စလုံးက ပိတ်ဆို့ မှု မရှိသေးဘူး ဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် တင်းမာမှု တွေစတင်
ပေါ်ပေါက်နေပါပြီ။

UDD တွေ ရဲ့ ချီတက်ရာလမ်းကြောင်း နဲ့ ခေါင်းဆောင်များ

Veera Musikhapong and Weng Tochirakarn would lead the gathering at Lak Si democracy monument.  From this point, the red-shirts would move from Phahon Yothin to Vibhavadi Rangsit road and to the main rally site.

Jatuporn Promphan would lead the rally at Wong Wian Yai.

A group of reds would gather at Bang Na intersection, from which a UDD leader would lead them in a march along Sukhumvit road, then past the Royal Thai Police Office to the main rally point.

The gathering at Lumpini park would be led by Jaran Ditha-apichai and Daranee Kritboonyalai.

Another group of red-shirts, led by Chinawat Haboonpat, would rally at the Din Daeng intersection before moving past the First Infantry Division headquarters along Vibhavadi Rangsit road.  They would pause to deliver speeches in front of the NBT television station, without blocking the traffic, before marching on to Sanam Luang.

Supporters from surrounding provinces would rally on Friday at the city hall of Nonthaburi before moving to the main rally site in the afternoon