Moderate quake hits Myanmar: USGS
ပြင်းအား ၅.၄ အဆင့်ရှိသည့် ငလျှင် တစ်ခု မြန်မာ နိုင်ငံအနောက် မြောက်ဘက် မုံရွာမြို့ ကို ဗဟိုပြု
၍လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ US Geological Survey က သတင်း
ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ် က စစ်အစိုးရ ရုံးစိုက်ရာနေပြည်တော်တွင် အင်အားအသင့်အတင့်ရှိ ငလျှင်
လှုပ်ခတ်ပြီးနောက် သီတင်း တစ်ပတ် အတွင်း ဒုတိယမြောင်ငလျှင် ဖြစ်သည် ဟု ရန်ကုန် စာနယ်
ဇင်းသမား တစ်ဦးက Freedom News Group သို့ ပြောသည်။
ယနေ့ မနက် ၅:၅၀ မိနစ်တွင် လှုပ်ခတ်သွားသည့် ထိုငလျှင် သည် မုံရွာ မြို့ အနောက်ဘက် ကိုဗဟို
ပြု၍ မိုင် ၇၀ ကျော် အကွာထိ လှုပ်ခတ်ခဲ့သည်။
ထိုငလျှင် ကြောင် အပျက်အစီး နှင့် ထိခိုက်သေဆုံး ဒဏ်ရာရမှု သတင်း မသိရသေးချေ။အမှတ်
မထင် လှုပ်ခတ်သည့် ငလျှင်ကြောင့် မုံရွာဒေသခံ တို့ မှာ ထိတ်လန့် ကြသည်။
ငလျှင်လှုပ်ခတ် ပြီးနောက် မုံရွာ မြို့ ထဲတွင် လိုက်လံစစ်ဆေးသည့် တိုင်းမှုး ဗိုလ်မှူးချုပ် မြင့်စိုး
က ငါးလောက် ခြောက်လောက်က မစိုးရိမ်ရ ဘူး တစ်ရာ တို့ နှစ်ရာ တို့ မှ စိုးရိမ်ရတာ ဟု ပြော
ကြားခဲ့သဖြင့် မုံရွာသူ မုံရွာသား များမှာ ငိုရမလို ရယ်ရမလို ဖြစ်ကြရသည် ဟု Freedom News
Group က မုံရွာ ဒေသခံ တစ်ဦး ကို တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြော
ကြားသည်။
လွန်ခဲ့သည့် သတင်းနှစ်ပတ်က တောင်အမေရိက တိုက် ချီလီတွင် ရစ်ခ်ျတာစကေး ၈.၈ အဆင့်
ရှိ ငလျှင် လှုပ်ခတ်ရာ လူသုံးရာကျော် သေဆုံးခဲ့သည်။
The quake’s epicenter was about 112 kilometers of Monywa at latitude 23.06 degree north and Longitude 94.65 degree east.
