သီရိထက်

မတ်လ ၁၀ ရက်နေ့ မှ စ၍ အမေရိကန် နိုင်ငံတွင် ဘဏ်ငွေစာရင်း ဖွင့် ထားသူများမှာ မိမိ၏ ငွေစာရင်း အား အခြားတစ်ယောက်ယောက် မှ ခိုးယူသုံးစွဲ မှု များ ဖြစ်ပေါ်ခဲ့ကြောင်း Freedom News မှ စုံစမ်း သိရှိရသည်။
ထိုသို့ ငွေစာရင်းခိုးယူမှု များသည် အွန်လိုင်း တွင် အရောင်းအ၀ယ် နှင့် ငွေချေးခြင်း (Online Bill Payment)ပြုလုပ်နေသူများ တွင် အများဆုံး ဖြစ်ပွားပြီး အထူးသဖြင့် ဒေသန္တရ ဘဏ် (Local Bank ) နှင့် Credit Unionများ တွင် စုဆောင်းငွေ (Saving Acc) နှင့် စာရင်းရှင် (Checking Acc) ဖွင့်ထားသူများ တွင် အများဆုံးဖြစ်ပွားခြင်းဖြစ်သည်။
ထိုသို့ ဘဏ်ငွေစာရင်းခိုးယူမှုများသည် လွန်ခဲ့သည့် တစ်ရက်ကျော်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော်လိုရာ
ဒို၊အိုကလာဟိုးမား၊နီဘရာ စကားနှင့် ယူတား ပြည်နယ်များတွင် အဖြစ်များပြီး လက်တင်အမေရိက မှာ ပြောင်း
ရွှေ့အခြချလာသူများ ဖွင့်လှစ်ထားသည့် ဘဏ်စာရင်း များတွင် အများဆုံး ဖြစ်ပွားသည်။
တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ လူမျိုး တစ်ဦး ဖြစ်သူ ကိုအောင်မင်း ကလည်း သူ့ ရဲ့ ဘဏ်အကောင့်
ထဲမှာ ငွေသား ဒေါ်လာ ၆၀၀ ကျော် ကို သူမသိပဲ အခြား တစ်ယောက်က ခိုးယူသုံးစွဲ ထားသဖြင့် ဘဏ်နှင့် ရဲဌာ န သို့ တိုင်ကြားထားရသည် ဟု သိရသည်။ကိုယ်ရဲ့ ငွေစာရင်း ကို အမြဲတမ်း စစ်ဆေးဖို့ လိုတယ်။ ဒါမှ တစ်ယောက်ယောက်က သုံးသွားတာနဲ့ ချက်ခြင်းအကြောင်းကြား
လို့ ရမှာ ဟုပြောသည်။
ဟောင်ကောင် အခြေစိုက် HSBC ဘဏ်ကမူ သူ၏ အိုင်တီ ကျွမ်းကျင် သူ ဘဏ်ဝန်ထမ်းဟောင်း တစ်ဦးက
ငွေစာရင်း ၂၄၀၀၀၀ ကျော်ကို ခိုးယူခဲ့ကြောင်း ၀န်ခံ၍ လန်ဒန် ငွေကြေးဈေးကွက် ပါတုန်လှုပ်သွားခဲ့ရသည်။
ထိုသို့ ဘဏ်စာရင်း ခိုးယူခံရပါက သက်ဆိုင်ရာ ဘဏ်သို့ ချက်ခြင်း အကြောင်း ကြားရန် လိုကြောင်း အမေရိကန် နိုင်ငံ ၏ အကြီးဆုံးဘဏ်ကြီး တစ်ခုဖြစ်သည့် Wells Fargo ဘဏ်မှ ဘဏ်ငွေစာရင်း လုံ
ခြုံရေး ကျွမ်းကျင်သူ အော်တေဂါး က Freedom News Group သို့ ပြောသည်။
ဘဏ်ကို ချက်ခြင်း အကြောင်းကြားဖို့ လိုတယ်။အွန်လိုင်းက နေ စပိုင် ဆောဖ့်ဝဲတွေကြောင့် ဘဏ်ငွေ
စာရင်း အခိုးခံရတာများတယ် ။အွန်လိုင်းပေးချေမှု များတဲ့သူတွေ မှာ အများဆုံးဖြစ်တတ်ကြတယ်။နောက်
VISA ၊American Express တို့ လို ခရက်ဒစ် ကဒ်ထုတ်ပေးတဲ့ ငွေကြေး အင်စတီကျူးရှင်းတွေ က လွဲမှမှု
ရှိတတ်တာတွေ လဲရှိတယ်။
မိမိ၏ ငွေစာရင်း အားအခြားတစ်ယောက်က ခိုးယူသုံးစွဲထားပါက မိမိစာရင်း နံပါတ် နှင့် လှို့ ဝှက် ရိုက်သွင်းဂဏန်း ကို ပြောင်းပေးနေစဉ်အတွင်း ဘဏ်က မိမိ စာရင်းကို ခေတ္တပိတ်ထားမည် ဖြစ်သည်။
ဘဏ်စာရင်းတွင် ထိုသို့ ဖြစ်ပွားပါက ဘဏ်ရှိ ငွေကို ပြန်လည် ထုတ်ထားရန်လိုသည်။
