ယူကွန်

Myanmar Open 2010 ဟု အမည်ပေးထားသည့် အာရှအဆင့် ဂေါက်သီးရိုက် ပြိုင်ပွဲ ကို ဧပြီလ ၈ ရက်မှာမြန်မာ သင်္ကြန် အကြိုနေ့ မတိုင်ခင် နှစ်ရက် အလို ထိကျင်းပမည် ဟု မတ်လ ၆ ရက်နေ့ က ဆီဒိုနား ဟိုတယ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။
Myanmar Open သည် ၁၉၉၆ ခုနှစ်တွင် စတင်ကာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထိရပ်နားခဲ့သည်။ယခုပြန်လည်စတင်မည့် ပွဲစဉ်တွင် ဆုကြေးငွေ ဒေါ်လာသုံးသိန်း အသုံးပြုမည် ဖြစ်ကြောင်း နှင့် ပထမ ဆုရရှိသူသည်ဒေါ်လာ ငါးသောင်းဆုချီးမြှင့် ခံရမည်ဖြစ်သည် ပြိုင်ပွဲတွင် ဆုရရှိသူများကိုသင်္ကြန်ချိန်ခါ နိုင်ငံတ၀ှမ်း လည်ပတ်နိုင်ရန် အဲ ပုဂံ က စီစဉ်ပေးမည် ဖြစ်သည်။
ထိုပွဲသည် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများလာရန် နှင့် မြန်မာ့ရိုးရာကို နှစ်ကူးသင်္ကြန် ကို နိုင်ငံ
ခြားသားများသိရှိ ရန်လည်း ရည်ရွယ်သည် ဟု သတင်းစာရှင်း လင်းပွဲ တွင် ပြောသည်။ထို့ ပြင် နိုင်ငံ၏
အလွန်အမင်းကျဆင်းနေ သော ပုံရိပ် ကို မြှင့်တင်ရန် လည်းရည်ရွယ် သည် ဟု ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၀၅ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် Myanmar Open တွင် သြစတေးလျှ နိုင်ငံသား ဂေါက်သီးရိုက်ချံပီ
ယံ စကော့စထရိန့် က ပြိုင်ဘက် ရစ် ဂဘ်ဆင် ကို ရိုက်ချက် ၁၁ ချက်လျှော့ရိုက်ပြီး စုစုပေါင်းရိုက်ချက်
၂၇၇ ချက် ဖြင့် ဆုရှိခဲ့သည်။
၂၀၀၄ ခုနှစ်က Myanmar Tour ၏ ချံပီယံဖြစ်သည့် ထိုင်းနိုင်ငံသား ထုံချိုင်း ဂျယ်ဒီသည် ယခု U.S. Open နှင့်
PGA Tour များတွင် ၀င်ရောက် ယှဉ်ပြိုင်နေပြီ ဖြစ်သည်။
လက်ရှိ Asia Tour ၏ ဥက္ကဌ ဖြစ်သူ မြန်မာ နိုင်ငံသား ဂေါက်သီး ရိုက် အကျော်အမော် ကြည်လှဟန် က
ကစားသမားကောင်းတွေ ပေါ်ထွက်လာစေ နိုင်မယ့် အစီအစဉ် တစ်ခု ဟု Asia Tour ၀ဘ်ဆိုတ်တွင် ဖော်
ပြထားသည်။သူက နိုင်ငံတကာ စီးပွားရေး တုံ့ ဆိုင်းမှု ဂယက် သည် ဂေါက်သီးလောက သို့ လည်း လာရောက်
ရိုက်ခတ်သည် ဟု မလေးရှား နိုင်ငံ ထုတ် The Star သတင်းစာ ကို ပြောကြားသည်။
ထိုဂေါက်သီးရိုက် ပြိုင်ပွဲ ကို Star Sport မှ လွှင့် ထုတ်မည် ဟု The Voice ဂျာနယ်တွင်ဖော်ပြထားသည်။
