ဒေသတွင်းနိုင်ငံများ၏ လူထုအုံကြွမှု ကို ဖြစ်ပေါ်စေနိုင်မည့် ဘန်ကောက်တော်လှန်ရေးကြီးစပြီ

Million Men – March Curtains Up

Thai anti-government protesters to rally in Bangkok

ယနေ့ ထိုင်းနိုင်ငံရေးအခြေအနေကို ဤနေရာမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်သည် Photo & Video

၂၄ နာရီအတွင်း လွှတ်တော်ဖျက်သိမ်းပေးရန် နှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် UDD တောင်းဆို

နိုင်ငံတော် အရေးပေါ်  အမိန့် ကြေညာ (State of Emergency )

ဆန္ဒပြမှုမှ သည် လုံခြုံရေးအင်းအား၊အရန်တပ် စသည်ဖြင့် စနစ်တကျဖွဲ့ စည်း၍ အစိုးရအသွင်ဆောင်လာ

ဘန်ကောက် တစ်မြို့ လုံး အနီရောင် ၀တ် အင်အား တစ်သန်းကျော်ပါဝင်ဆင်နွှဲ (Latest)

သံဃာတော်များပါ ပါဝင်ဆင်နွှဲ ကငြိမ်းချမ်းစွာချီတက်

ဘုရင်မကြီး သီရိခေတ် အစီအစဉ် ဖြင့် စစ်တပ်များကို ထပ်မံ ခေါ်ယူအာဏာသိမ်းလိမ့်မည် ဟု ခန့် မှန်း  ( Hot)

ယနေ့ ထိုင်းပေါပ်အဆိုတော်တစ်ဦး UDD အင်အားစုများကို တရားဟောနေစဉ် (AP Photo/David Longstreath)

လွှတ်တော်ဖျက်သိမ်းရေး၊အဘီဆစ် နှုတ်ထွက်ပေးရေး၊ ရေပေါ်ဆီ တရားစီရင် ရေးစနစ် ပပျောက်ရေး ၊ နိုင်ငံတွင်း
တရားဥပဒေစိုးမိုးရေး အစရှိတဲ့ ကြွေးကျော်သံတွေ နဲ့ ချီတက်လာတဲ့ အနီရောင် ၀တ် အာဏာရှင် ဆန့် ကျင်ရေးဒီ
မိုကရေစီ တပ်ဦး အဖွဲ့ ဝင်တွေ ဟာ ဘန်ကောက် မြို့ ထဲတစ်လျှောက် ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ျနေပါတယ်။

သူတို့ အဖွဲ့ မှာ လုံခြုံရေး အင်အားစု တွေ ပါဝင်ပြီး သူ တို့ အဖွဲ့ ဝင်ထဲက တစ်ယောက်ယောက် ရဲဒါမှ မဟုတ် အစိုးရ
လုံခြုံရေး အဖွဲ့ ဝင် တွေ က ဖမ်းသွားတာနဲ့  ပြန်လည် ရရှိအောင် ကယ်ထုတ်ကြပါတယ်။ဒီနေ့ စတင် တဲ့ လူတစ်သန်း
ချီတက် ပွဲမှာ သံဃာတော် တွေနဲ့ တိုင်းပြည်က ချစ်ခင်တဲ့ စာရေးဆရာတွေ၊ရှေ့နေတွေ ၊အဆိုတော် တွေ ပါ ပါဝင်
ဆင်နွှဲကြပါတယ်။

ဥဒေါင် ဌာနီမှာ ယနေ့ ချီတက်ကြတဲ့ အဖွဲ့ ဝင်တွေထဲက ထင်ရှားတဲ့ သံဃာတော် တစ်ပါး ကတော့ အဲဒီဒေသမှာ
ရှိတဲ့ စစ်စခန်းဆီ ကို ချီတက်ပြီး ရွေးကောက်ပွဲ ထပ်မံကျင်းပပေးဖို့ နဲ့  ပြည်သူတွေကို အင်အားမသုံးဖို့ 
စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါ ကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးအပ်ခဲ့ပါတယ်။

သံဃာတော်များပါ လည်းပါဝင်ဆင်နွှဲ ဓာတ်ပုံ-နေရှင်း

ထိုင်းနိုင်ငံ နေရှင်းသတင်းစာက ၀ါရင့် သတင်းထောက် တစ်ဦး ဖြစ်သူ  ထနောင်း ကတော့ ဆန္ဒပြပွဲတွေဟာ
လာမယ့် သီတင်းပတ်မှာ ဒီထက်ပိုပြီး ကြီးလာလိမ့်မယ် အစိုးရကတော့ ဖြိုခွဲမှာ အမှန်ပဲလို့ Freedom News Group ကို
ပြောပါတယ်။

ဆန္ဒပြသူတွေ ဟာ သူတို့ မှာပါလာတဲ့ ရိက္ခာတွေ နဲ့ ညအခါချက်ပြုတ်စားသောက်ပြီး နေ့ အခါ ဆန္ဒပြကြတာဖြစ်ပါတယ်။
UDD ရဲ့ အဓိက ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဂျတုပွန် ပရွမ်ဖန် ကတော့ မိမိတို့ ရဲ့ တောင်းဆိုချက်တွေ ကို အစိုးရက ဖြည့်ဆည်း
မပေးဘူးဆိုရင် တိုက်ပွဲ ကို အရှိန် အဟုန် မြှင့်မယ် လို့ ဆိုပါတယ်။