ကာယကံရှင် အစိုးရထက် ဒေသတွင်း အစိုးရများက ပိုမိုထိတ်လန့် နေသည့် ထိုင်းနိုင်ငံ၏ အစိုးရဆန့် ကျင်ရေးလူထုအုံကြွမှု

တင်ကျော်ကျော်စိုး

မြို့ တော်ဘန်ကောက်မှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံ တ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ လူထုအုံကြွမှုတွေ ကို
ကာယကံရှင် အစိုးရထက် ဒေသတွင်း အစိုးရ တွေ က ပိုမို ထိတ်လန့် ကြတယ် လို့ ရန်ကုန်မြို့ က
အမည်မဖော်လိုတဲ့ သံတမန် တစ်ဦးက Freedom News Group ကို ပြောပါတယ်။

လူတစ်သန်း ချီတက် ဆန္ဒပြပွဲ လို့ အမည်ပေးထားတဲ့ ဘန်ကောက်လူထုံ အံကြွှမှု ကြီးကို ဟိုချီမင်း၊
ဖနွမ်းပင်မှ သည် နေပြည်တော် ၊ဗီယန် ကျင်း မှ သည် စင်္ကာပူ အထိ ထိတ်လန့် ကြတယ်လို့ ဆိုပါတယ်။

“သူတို့ ဘာလို့ ထိတ်လန့် ကြတာလဲ အဖြေက ရှင်းပါတယ်။ပထမ ဦးဆုံး စီးပွားရေး ဂယက်ရိုက်ခတ်မယ်
လေ ၊နောက် တစ်ခု ကတော အာဏာရှင် ကြီး ၊ ငယ် မရွေး ကြောက်ကြတဲ့ လူထု အုံကြွမှု ဂယက်တွေ ကို
ကူးဆက် လာမှာ ကို ကြောက်ကြတာပဲ “လို့ ပြောပါတယ်။
ညနေ က မြို့ ထဲမှာ တိုက်တစ်လုံး ပြိုကျတယ်လေ ကယ်ဆယ်ရေးကားတွေ ထက် စစ်ကားတွေ၊ရဲကားတွေ
က အရင်ရောက်လာပြီး မဆိုင်သူတွေ အနားမကပ်နဲ့  လို့ ပြောနေသံတွေ မလိုအပ် ဘဲ လမ်းတွေ အများကြီး
လျှောက် ပိတ်လိုက်တာတွေ က အရမ်းရုပ်ဆိုးတယ် ။သူတို့ တခုခု ကိုထိတ်လန့် နေကြသလိုဘဲ လို့ သူတွေ့ ကြုံခဲ့ရ
ပုံကို ပြောပါတယ်။

ရာနှုန်းပြည့် အာဏာရှင် နဲ့  အာဏာရှင် တစ်ပိုင်း အစိုးရတွေ ကြီးစိုးနေတဲ့ အရှေ့ တောင် အာရှ မှာ သက်ဆိုင်
ရာ အစိုးရတွေ ဟာ သူတို့ နိုင်ငံတွင်းမှာ အဲဒီလိုမျိုး အုံကြွမှု တွေ ဖြစ်လာမှာ ကို မလိုလားကြပါဘူး။ဖြစ်နိုင်လို့ ရှိ
ရင် အဲဒီနိုင်ငံ ကဆန္ဒပြပွဲတွေ ကို နှိပ် ကွပ် ဖို့ စစ်ရေး အကူအညီ ပေးဖို့ တောင်းဆိုလာရင် ပေးဖို့ လက်မနှေးသူ
ဖြစ်လာ နိုင်တာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဖြစ်လာ နိုင်တယ် လို့ ရန်ကုန် မြို့ သရက်တော ကျောင်းတိုက်က သံ
ဃာတော် တစ်ပါးက မိန့် ကြားပါတယ်။

အာဏာရှင် ဟောင်း ဗိုလ်ချုပ် နေ၀င်း လက်ထက်က ဖိလစ်ပိုင် နိုင်ငံမှာ ကိုရာဇန် အကွီ နို ဦးဆောင်တဲ့ ဆန္ဒ
ပြမှုတွေ ဖြစ်တော့ ညဘက် နိုင်ငံခြား ရေဒီယို အသံလွှင့် အစီအစဉ်တွေ ကို နားထောင်တဲ့ ပြည်သူတွေ ကို
အချုပ်ထဲ ခေါ်ထည့် ထားတာ တို့ ရေဒီယို ကို သိမ်းသွားတာ တို့ တွေ ရှိတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်း
တစ်ဦး ဖြစ်တဲ့ ကိုသီဟ က အတိတ်သမိုင်းက အာဏာရှင် ရဲ့ ဖိနှိပ်မှု ပုံရိပ် တွေ ကို ပြန်ပြောင်း ပြောပြပါတယ်။

ဒီကနေ့ ဘန်ကောက် မြို့ မှာ ဆန္ဒပြမှု တွေမှာ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်မှု ပိုများပြားလာပြီး လာပြီး
UDD အဖွဲ့ ရဲ့ တောင်းဆိုချက် ဖြစ်တဲ့ လွှတ်တော်ဖျက်သိမ်းပေးရေး နဲ့ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပ
ပေးရေး ဆိုတဲ့ တောင်းဆိုချက် အချိန် ပြည့် ဖို့ ကလည်း နာရီပိုင်းပဲ လိုပါတော့တယ်။

ဒေသတွင်း နိုင်ငံရေး အကဲခတ် သူတွေ ကတော့ ဒီဆန္ဒပြမှု ရဲ့ နောက်ကွယ်မှာ သက်ဆင် ရှိ ပေမယ့် သက်ဆင်
ရဲ့ နောက်ကွယ်မှာ တရုတ် ၊ ကမ္ဘောဒီယား တို့ ပါဝင် ပတ်သက်လိမ့်မယ် လို့ ယူဆကြပါတယ်။