ဂျဗားကျွန်းရှိ သစ်ပင် လူသားခွဲစိတ်ကုသမှု ထပ်မံပြုလုပ်ရအုံးမည်

ဂျဗားကျွန်းရှိ သစ်ပင်လူသားမခွဲစိတ်ရသေးခင်က သူ၏ ကလေးငယ်နှင့် အတူ

ခန္တာကိုယ်တွင် သစ်ပင်သဖွယ် သစ်ခေါက် ၊သစ်ကိုင်းများထွက် နေသည့် သစ်ပင်လူသား
(Tree Man )မှ ခွဲစိတ်ကုသမှု နောက်တစ်ကြိမ်ခံယူရ အုံးမည် ဟု အင်ဒို တိုင်းမ် သတင်း
စာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျဗားကျွန်းရှိ ဘန်ဒေါင်းရွာတွင် နေထိုင်သော အသက်၃၇ နှစ်အရွယ်ရှိ
ဒီဒီ ကိုဝါရာမှာ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ က တစ်ကြိမ် ခွဲစိတ်ကုသခံရပြီး ယခု
တစ်ခါ ထပ်မံကုသခံရခြင်းဖြစ်သည်။

HPV ဗိုင်းရပ်စကြောင့် ခန္တာကိုယ်တွင် ထိုကဲ့သို့ သစ်ခက်များထွက်ရှိလာ

အိမ်ထောင်ရှိပြီး ကလေး နှစ်ဦးရှိသည့် ကိုဝါရာမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့် မှ စ၍ ခန္တာကိုယ်တွင်
ထိုကဲ့သို့ သစ်ပင် သဖွယ် သစ်ခေါက်များ ထွက်ရှိလာခြင်း ဖြစ်သည်။သူ့ အားနှစ်ခါ သွားရောက်
အမေရိကန် အရေပြားပညာရှင် ဒေါက်တာ အန်ထော်နီ ဂတ်စပါရီက ထိုရောဂါမှာ အရေပြား
ရောဂါ တစ်မျိုးဖြစ် ပြီး HPV ဟု ခေါ်သည့် Human Papillomavirus ကြောင့် ဖြစ်သည် ဟု
ဆိုသည်။သူ၏ ရောဂါမှာ ၀က်ခြံ၊တင်းတိပ် မျိုးနွယ် ရောဂါ တစ်မျိုးပင် ဖြစ်သည်။

သူ့ ခန္တာကိုယ်ရှိ သစ်ဖုများမှာ သုံးလက်မခန့် အရှည်ရှိပြီး ခြေထောက် နှင့် လက် တို့ တွင် အများဆုံး
ဖြစ်သည်။သူ့ လိုရောဂါ မျိုးကိုတရုတ် နှင့် ရိုးမေးနီးယား နိုင်ငံသား တစ်ယောက် ဖြစ်ပွားခဲ့ဖူးသည်။

ပထမအကြိမ်ခွဲစိတ်ကုသမှုအပြီး

CNN ကဖော်ပြထားသည့် Tree Man အကြောင်း

One thought on “ဂျဗားကျွန်းရှိ သစ်ပင် လူသားခွဲစိတ်ကုသမှု ထပ်မံပြုလုပ်ရအုံးမည်

Comments are closed.