နှစ်များစွာစည်ကားခဲ့သည့် အင်းလျှားလမ်း တွင် မဏ္ဍပ်အနည်းအကျဉ်းသာဆောက်လုပ်ခွင့်ပြုမည်

ယူကွန်

လွမ်းမောဖွယ်ရာ အင်းလျှားလမ်း သင်္ကြန် မဏ္ဍပ်များ

ယခင် နှစ်များက တိုးမပေါက် အောင်စည်ကားခဲ့သည့် အင်းလျှားလမ်း တွင် မဏ္ဍပ် အနည်းငယ် ကိုသာ တည်ဆောက်
ခွင့်ရရှိတော့ မည်ဟု အင်းလျှားလမ်း တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ရန် အတွက် သွားရောက် လျှောက်ထားခဲ့သူ တစ်
ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့ ရန်ကုန် တက္ကသိုလ် အနောက်ရှိ အင်းလျှားလမ်း တွင် အများပြည်သူများကို ရေကစားခွင့် မပေးတော့ကြောင်း
ကမာရွတ်မြို့ နယ် မယက ရုံးမှာ တာဝန်ရှိသူ တစ်ဦးက မဏ္ဍပ် လာရောက်လျှောက်ထားသူများကို ပြောသည်။

အင်းလျှားလမ်း တွင်ပြည်သူများ မဏ္ဍပ် ဆောက်ခွင့် မရသော် လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေ
သွေးအောင် အပါအ၀င် မြန်မာ အခွင့်ထူးခံ အချို့ မှာ မူ မဏ္ဍပ် ဆောက်လုပ်ခွင့်ရကြသည် ဟု စုံစမ်းသိရှိရသည်။

နှစ်စဉ် အင်းလျှားလမ်းတွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခဲ့သူ တစ်ဦးက အင်းလျှားလမ်းမှာ မဏ္ဍပ် မဆောက်ရ ဘူး
ဆိုရင် ရန်ကုန် သင်္ကြန် က ဘယ်စည် တော့ မလဲ ဟု ပြောသည်။

အင်းလျှားလမ်း တွင် သင်္ကြန်မဏ္ဍပ် ဆောက်ကြ သူများ မှာ စည်ပင် နှင့် မယက သို့ အနည်းဆုံး ကျပ်သိန်း နှစ်ဆယ်
ခန့် ပေးရသဖြင့် မဏ္ဍပ် တစ်ခု ကို သိန်း နှစ်ရာ ခန့် အကုန် အကျခံ တည်ဆောက်ရသည် ဟု သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များက အင်းလျှားလမ်းတွင် ထိုကဲ့သို့ သင်္ကြန် မဏ္ဍပ် ပေးမဆောက်ရတော့ သည်မှာ
မြန်မာ့ ယဉ်ကျေးမှု နှင့် မလျှော်ညီသောကြောင့် ဟု ဆိုသည်။

ရန်ကုန် မြို့ တွင်းသင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့်များကို ယခုနှစ် တွင် အာဏာပိုင်များက တင်းကျပ်စွာကိုင်တွယ်သွား
မည် ဟု သိရသည်။

ထိုကဲ့သို့ ရန်ကုန် မြို့ အင်းလျှားလမ်းတွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့် မပေးတော့ ခြင်းမှာစစ်အစိုးရ ရုံးစိုက်ရာ
နေပြည်တော်သင်္ကြန် ကို ပိုမို စည်ကား စေလို၍ ဖြစ်သည် ဟု ရန်ကုန် မြို့ ရှိ နာမည်တေးရေးဆရာ တစ်ဦးကပြောသည်။