တန်းတူညီမျှရေးနှင့် ခွဲခြားမှု ပပျောက်ရေး အတွက် ဖို့ ဝိန်းမှ မြန်မာများဆန္ဒပြပြီ

Burmese demand action on prejudice

See official indifference to sign at laundry (မြန်မာ မ၀င်ရ ဆိုင်းဘုတ် နှင့် ပတ်သက်၍)

နှစ်လေးဆယ်အကျော်တွင် တကျော့ ပြန် ပြန်လည်ပေါ်ပေါက်လာခဲ့သည့် တန်းတူညီမျှရေး နှင့် ခွဲုခြားမှု မရှိရေး အတွက် ဆန္ဒပြနေကြည်သည့် မြန်မာ များ ဓာတ်ပုံ The Journal Gazette

အကြွေစေ့ဖြင့် အ၀တ်လျှော် ရသည့်  Ricker Oil Co က ယခင်သီတင်းပတ်က သူ့ ဆိုင်အတွင်းရှိ
အများသုံးအိမ်သာ သို့ မြန်မာများမ၀င်ရန် တားမြစ်စာ ကပ်ခဲ့မှု ကို ယနေ့ အင်ဒီယားနား ပြည်နယ်
ဖို့ ဝိန်းရှိ မြန်မာ များ က တန်းတူညီမျှ မှု ရှိရေး အတွက် ဆန္ဒပြနေပြီ ဖြစ်သည်။

ထိုဆန္ဒပြပွဲကို ၁၉၆၀ ခုနှစ်က ပြည်သူ့ အခွင့် အရေး အတွက်တောင်းဆိုဆန္ဒပြခဲ့ကြသည့်
အာလင် ခရိုင် တရားရုံးရှေ့တွင် ဆန္ဒပြကြခြင်း ဖြစ်သည်။

Ricker Oil Co ၏လုပ်ရပ်သည် တရားဥပဒေ ကိုချိုးဖောက်ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရမှ ဘာ
ကြောင့် နှုတ်ဆိတ်နေရသလဲ ဆိုသည် ကို မိမိနားမလည် နိုင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ တစ်
ဦးက Freedom News Group သို့ ပြောသည်။

ဆန္ဒပြပွဲသို့ North Side High School တွင် တက်နေသည့် အသက် ၁၅ နှစ်အရွယ် မသန္တ
ထက်က သူမ၏ ဖခင် နှင့် ငါးနှစ် အရွယ် မောင်ဖြစ်သူ နှင့် အတူတက်ရောက်ခဲ့သည်။

သူမက မြန်မာ မ၀င်ရဘူးဆိုတဲ့ ဒီဆိုင်းဘုတ်ကြောင့် ဖို့ ဝိန်းမှ နေရမယ့် အနာဂတ်အတွက်ပါ
စိတ်မသက်သာရဖြစ်မိတယ် လို့ သူ့ ရဲ့ ခံစားချက်ကိုပြောပြသည်။

ထိုတန်းတူညီမျှ ရေး တိုက်ပွဲ အတွက် စည်းရုံးလှုံဆော်ခဲ့သည့် ကိုမောင်မောင်စိုးက
ဒီလိုခွဲခြားမှု ရှိနေတာ ကို ဖြေရှင်းမပေးဘူးဆိုရင် ဆက်ပြီးတော့ တရားဝင် လှုပ်ရှားမှု
တွေ ပိုလုပ်သွားမယ် ဟု ပြောသည်။

ထိုဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦး ဖြစ်သည့် ကိုဥာဏ်အောင် သည် အမေရိကန် နိုင်ငံတွင်
၁၉၉၃ ခုနှစ်တည်းက အခြချ နေထိုင်ခဲ့သည်။အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်းတွင် မြန်မာ ဒုက္ခ
သည် ငါးထောင်ငါးရာ ကျော် အခြေချနေထိုင်သည်။

Ricker Oil ၏ ဥက္ကဌ Jay Ricker က သူ၏ ဖို့ ဝိန်းရောက် မြန်မာ များတွက် တောင်းပန်
ထားသည့် ဗီဒီယို ကို အင်တာနက် ယုတုဘ် တွင် တင်ထားသည်။

ထိုခွဲခြားမှု အားအမေရိကန်များကလည်း ရှုံချ ပြီး ပြည်နယ်အစိုးရ အနေဖြင့်ထိရောက် စွာဆောင်ရွက်သင့်ကြောင်း ဤနေရာရှိ မှတ်ချက်များတွင်ကြည့် နိုင်သည်