ဒီမိုကရက်ပါတီ ဌာနချုပ်နှင့် ၀န်ကြီးချုပ်ရုံးကိုUDDများက သွေးများ ဖြင့်သုတ် လိမ်း

ဒီမိုကရတ်ပါတီဌာနချုပ်ရှေ့တွင် အင်္ဂါနေ့ ညက သွေးများဖြင့်သုတ်လိမ်းထားသည် ကိုဤသို့ တွေ့ ရှိရသည်
ဝန်ကြီးချုပ်ရုံးရှေ့တွင် သွေးများဖြင့်သုတ်လိမ်ထားပုံ (AP Photo/Wason Wanichakorn)
သွေးပုံးများကိုသယ်လာသည့် UDD

ဝန်ကြီးချုပ်ရုံး အရှေ့ သွေးသုတ်ပွဲ

ကိုဦး၊           ၊၂၀၀၈ ခုနှစ် ဒီဇင်ဘာလ မှာ ညွှန့် ပေါင်းအစိုးဖွဲ့ ၍အာဏာရရှိလာသည့်
ထိုင်းဝန်ကြီးချုပ်အဘီဆစ် ၀ဇ္ဇာ ဇီဝ ရဲ့ ဝန်ကြီးချုပ် ရုံးကို ယနေ့ ဆန္ဒပြသူများက ယနေ့ ညနေမှာ
၎င်းတို့ ၏ ခန္တာကိုယ်မှသွေးများ ဖြင့် သုတ်လိမ်း သွားသည်ဟု သတင်းရရှိသည်။

ညွှန့် ပေါင်းအစိုးရ အဖွဲ့ တွင်ပါဝင်သည့် ပွေ့ ထိုင်းပါတီနှင့် နီဝင်းချစ်ချော့ဘ် အုပ်စု၏
အမတ်များက နှုတ်ထွက် မည်ဟု ဖိအားပေး နေသဖြင့် အခြေအနေ ယိမ်းယိုင် နေသည့်
အဘီဆစ် အစိုးရသည် အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီတပ်ဦး UDD ၏ တောင်းဆို
ချက်ဖြစ်သည့် လွှတ်တော် ဖျက်သိမ်းရေး နှင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရေး
ကို ယမန်နေ့ က ပယ်ချပြီးဖြစ်သည်။

ပြည်ပရောက်ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင်က သွေးလှုခြင်းသည် ကျန်းမာရေး အတွက် အန္တရာယ်များသ
ဖြင့် ပြန်လည် စဉ်းစားရန် တိုက်တွန်းချက်ကို UDD ခေါင်းဆောင်များက ပယ်ချခဲ့သည်။

ထိုင်းနိုင်ငံတွင် အခြေအနေများမှ ရှုပ်ထွေးနေပြီး ယနေ့ နံနက် ပိုင်းက ချင်းမိုင်တွင် နီဝင်းချစ်ချောဘ် ၏
ဖခင်ဖြစ်သူ ဖွင့်လှစ်ထားသည့် ရုံးမှာ အတိုက်ခံရပြီး ယနေ့ နံနက် ပိုင်း ဘန်ကောက်တွင် ပေါက်ကွဲ မှု တစ်ခု
ုဖြစ်ပွားခဲ့သည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက နာလန်ထခါစ ထိုင်းစီးပွားရေး လုပ်ငန်းများမှာ လွှတ်တော်ဖျက်သိမ်း
လိုက်လျှင် အခြေအနေ ဆိုးသွားမည် ဖြစ်သဖြင့် အဘီဆစ် ဘက်က ခုခံကာကွယ်ကြသည်။

သက်ဆင် ၏ ရုပ်သေး ပါတီ တစ်ခု ဖြစ်သည် ဆိုသည့် ပွေ့ ထိုင်းပါတီသည် လွှတ်တော် ထဲ တွင် အမတ်
နေရာ ၁၉၀ ရရှိထားသည်။