
ကိုဦး။ ။ယနေ့ ညနေ တွင် ရှပ်နီဝတ် (UDD)များ အဘီဇစ်ဝိချာချိဝ အိမ်ကိုသွေးဖြင့်သွန်းလောင်းမည်
ဟု UDD အဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။ရှပ်နီဝတ် (UDD) များက နံက်
(၉)နာရီတွင် ၄င်းတို့၏သွေးများဖြင့် လက်ရှိဝန်ကြီးချုပ်အဘိဇစ်ဝိချာချိဝ နေထိုင်သော ဆူကိုဗစ်လမ်းမ။
လမ်းသွယ် (၃၁)နေအိမ်ကို သွန်းလောင်းမည်ဟု (UDD)မှလည်းသတင်း ထုတ်ပြန်ထားသည်။
အဘိဇစ်ဝိချာချိဝကလည်း ဆန္ဒပြသူများကို အကြမ်းဖက်နိမ်နင်းမည်မဟုတ်၊ သူတို့လုပ်ပြနေတာဟာ
သွေးထွက်သံယိုဖြစ်ပေမဲ့ အစိုး ရကြောင့်တော့သွေးထွက်သံယိုဖြစ်အောင်လုပ်မှာ မဟုတ်ကြောင်း
ပြောကြားခဲ့သည်။

ယမန်နေ့ ညနေက ကျင်းပခဲ့သည့် ၀န်ကြီးချုပ်ရုံးအိမ်ရှေ့သွေးလောင်းပွဲ တွင် ဗြဟ္မရိုးရာ နှင့် ထိုင်းရိုးရာ
ဗေဒင် ယတြာ အစီအမံများဖြင့် ထိုင်းဝန်ကြီးချုပ်ကိုဓာတ်ကြမ်းတိုက်ခြင်း ဖြစ်သည် ဟု ဘန်ကောက် မြို့ ရှိ
ထိုင်း-မြန်မာ တစ်ဦး ကပြောသည်။သူက နိုင်ငံရေး အရ တော့ ဗျူဟာ တစ်ခုပေါ့ ။ ရိုးရာ ဓလေ့အရတော့
ဗြဟ္မဏ အယူအဆ တစ်ခုပေါ့ ၊ပုဏားက ခြေဖ၀ါးမှ သွေးသုတ်ပြီး ၀န်ကြီးချုပ် ရုံးတံခါးမှာ သွေးသွားသုတ်
တယ် ဆိုတာ ဒါက အစီအမံ လုပ်ပြီး နာမ်နှိမ်တာ။ဟု ပြောသည်။
ထိုင်းအစိုးရ အဖွဲ့ အနေဖြင့် ဆန္ဒပြသူများကို အတင်းအကျပ် ဖြိုခွဲခြင်း မရှိသေးသော် လည်း အချို့ နေရာ
များတွင် ငွေကြေးပေး၍ ဆန္ဒမပြရန် စည်းရုံးခြင်း ၊ အစိုးရ ၀န်ထမ်းများ အား ဆန္ဒပြပွဲ တွင် မပါဝင်ရန်
ရုံးတွင်း အမိန့် စာထုတ်ပြန်ခြင်း တို့ ပြုလုပ်ကြောင်း သိရှိရသည်။
အာဏာရှင် ဆန့် ကျင်ရေးဒီမိုကရေစီ တပ်ဦး (UDD)အဖွဲ့ ဝင်များက ယနေ့ တိုက်ပွဲ အရှိန် အဟုန် ကိုမြှင့်တင်မည် ဟု ပြောသည်။ဝန်ကြီးချုပ် အဘီဆစ်က မူ ဆန္ဒပြသူများ ၏ တောင်းဆိုချက် ကို မလိုက်လျှော နိုင်ဟု ပြောကြားထားသည်။ဒီနေ့ မနက် အာရုဏ်တက်ကတည်းက ထိုင်းဝန်ကြီးချုပ်နေအိမ် အနီးကို လုံခြုံရေး အင်အား တိုးမြှင့် ချထားပြီး
ဝန်ကြီးချုပ် ရဲ့ မိသားစု ၀င်တွေ လည်း နေအိမ်မှ ခေတ္တရှောင် တိမ်းနေထိုင်သည်။
