ကိုညီညီအောင် ပြန်လည်လွတ်မြောက်

Junta frees Myanmar-American to deport him

ကိုညီညီအောင်ပြန်လာ ချိန် ကိုစောင့်မျှော်နေသည့် သူ၏ချစ်သူ မ၀ါဝါကျော်

အမေရိကန် နိုင်ငံသားခံယူထားသည့် ကိုညီညီ အောင်သည့် ယနေ့ အင်းစိန် အထောင် အကျဉ်း
ထောင်မှနေ၍ ပြန်လည် လွတ်မြောက်လာသည် ဟု သတင်းရရှိသည်။

ကိုညီညီအောင် အား စတင်ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ သုံးရက်နေ့ တွင် ရန်ကုန် နိုင်ငံတကာ
လေဆိပ် ဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။စက်တင်ဘာလအတွင်းက ဇာတိနိုင်ငံသို့ ပြန်လာသည့်ကိုညီညီ
အောင်အား ရန်ကုန်လေဆိပ်တွင်မြန်မာစစ်အစိုးရက ဖမ်းဆီးပြီးနောက် နိုင်ငံတွင်းသို့ အကြမ်းဖက်
လှုပ်ရှားမှုများပြုလုပ်ရန်ဝင်ရောက်လာသူဟု မြန်မာ စစ်အစိုးရက စွပ်ဆွဲခဲ့သည်။

ကိုညီညီအောင် (ခ)ကိုကျော်ဇောလွင် (၄ဝ နှစ်) အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးက
ယနေ့နံနက်က ပြုလုပ်သောတရားခွင်တွင်  မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု
ပုဒ်မ ၂၄ (၁) ၊ မှတ်ပုံတင် ဥပဒေ၆ (၃) တို့ဖြင့် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ တွင် စီရင်ချက်ချ ခံရခြင်းဖြစ်သည်။

ကိုညီညီအောင် ၏ မိခင် နှင့် ညီမဖြစ်သူ မှာ လည်းနိုင်ငံရေးလှုပ်ရှားမှုများကြောင့်နှစ်ရှည်ထောင်ဒဏ်
ချမှတ်ထားခြင်းခံရသည်။သူ၏  မိခင်ဖြစ်သူ ဒေါ်စမ်းစမ်း တင်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး
တွင်ပါဝင်ခဲ့ပြီး နောက် ထောင်ဒဏ်ချမှတ်ခံရကာ ယခု မိတ္ထီလာ ထောင်တွင်း အကျဉ်းကျခံနေရသည်။
ဒေါ်စမ်းစမ်း တင် သည် သိုင်းရွိုက် ဝေဒနာ ခံစား နေရသူ တစ်ဦး ဖြစ်သည်။

သူ့ အားပြန်လည် လွှတ်ပေးရန် အမေရိကန် လွှတ်တော်အမတ် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်
အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ်က နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်ထံတိုက်တွန်းထားခဲ့
သည်။

ပြီးခဲ့သည့် စနေ နေ့ က ရန်ကုန် ရှိ အမေရိကန် သံရုံးမှ ကောင်စစ်ဝန် အား မြန်မာစစ်အစိုးရက ကောင်
စစ်ဝန် နှင့် တွေ့ ဆုံခဲ့ပုံ ကို စစ်အစိုးရ အာဘော် ကြေးမုံ သတင်းစာ တွင် ဖော်ပြခဲ့သည်။

ကိုညီညီ အောင်သည် ယနေ့ ညနေ တွင် ရန်ကုန် လေဆိပ်မှ ထိုင်း နိုင်ငံ သို့ ထွက်ခွာ မှာ ဖြစ်ပြီး
ဘန်ကောက် မှ တစ်ဆင့် အမေရိကန် သို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်ဟု ကိုညီညီ အောင်
အား လိုက်လံပို့ ဆောင်သည့် သူ၏ အဒေါ် ဖြစ်သူ ဒေါ်ခင်ခင်ဆွေ က Freedom News Group သို့ ပြောသည်။

ကိုညီညီအောင် သည် ၂၀၀၅ ခုနှစ် မှ ၂၀၀၉ ခုနှစ် အတွင်း အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍
မြန်မာ နိုင်ငံတွင်း သို့ လေးကြိမ် ၀င်ရောက်ခဲ့သည် ဟု စစ်အစိုးရကပြောသည်။

ကိုညီညီအောင် သည် စစ်အစိုးရ အကျဉ်းထောင်ထဲ တွင် ခြောက်လကျော်နေထိုင်ခဲ့ရသည်။

ဆက်စပ်သတင်း (အမေရိကန် နိင်ငံသားကိုညီညီအောင်ကို ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရ)

ဆက်စပ်သတင်း(ကိုညီညီအောင်အား ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရ တောင်းဆို)