သက်ဆင် နှင့် ထိုင်းအစိုးရ ဆွေးနွေးမည်

Photos and Video

မွန်တီနီဂရိုးတွင် ရောက်ရှိနေသည့် သက်ဆင်
ယနေ့  ဘန်ကောက်မြို့ ပသုနမ်တွင် စုရုံးနေသည့် UDD များ

ကိုဦး၊ ၊အဘီဆစ် အစိုးရ ဟာ ၂၃ဦးမြောက်  ပြည်ပရောက်  ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝါထရာ
နဲ့  တွေ့ ဆုံဆွေးနွေး ဖို့ အဆင်သင့် ဖြစ်နေပြီ လို့ မနေ့ က ဒုဝန်ကြီးချုပ် ဆူထေ့က ချယ်နယ် ၇ ရုပ်သံဌာန ကို
ပြောကြားခဲ့ပါတယ်။ သူက “မစ္စတာ သက်ဆင် ကတွေ့ ဆုံ ဆွေးနွေး ဖို့ အသင့် ဖြစ်ပြီး ရင် တွေ့ ဆုံ ဖို့ အသင့်ပဲ
ဒါ စကားပြော ရုံသက်သက် ပဲ နိုင်ငံရေးအရ ညှို နှိုင်းတာတွေ တစ်ခု လုပ်မှာ မဟုတ် ဘူး လို့ တစ်ဆက်တည်း
ပြောပါတယ်။

အဘီဆစ် အစိုးရ အဖွဲ့ အနေ နဲ့  သက်ဆင် နဲ့ လည်း စကားပြောမှာ ဖြစ်သလို အာဏာရှင် ဆန့် ကျင်ရေးဒီမို ကရေစီတပ်ဦး ( UDD) က ခေါင်းဆောင် ဖြစ်တဲ့ ၀ီရာ မူဆစ် ကဖောင် နဲ့ လည်း ဆွေးနွေးမယ် လို့ လဲပြောပါတယ်။ ဆူထေ့ က အကြမ်းဖက်မှု တွေ မဖြစ်အောင် ဦးဆောင် နိုင်ခဲ့တဲ့ မူဆစ် ကဖောင် ကိုလည်း
ချီးကျူးလိုက်ပါတယ်။

ထိုင်းအစိုးရ နဲ့ ဆွေးနွေးမယ် ဆိုရင် သက်ဆင် အနေ နဲ့ ပထမ ဆုံးလုပ်ရမှာက နိုင်ငံရေး စတန့် ထွင်တာ တွေ
ရပ်ဖို့ ပဲ လို့ ပြောပါတယ်။

အနီဝတ် ဆန္ဒပြသမားတွေ ဟာ မနေ့ က ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ ၎င်းတို့ ရဲ့ သွေးတွေ နဲ့ ဖြန်းပက်ခဲ့ကြပါတယ်။
လာမယ့် စနေ နေ့ မှ ၎င်းတို့ ရဲ့ ဆန္ဒပြပွဲ တွေ ကို အရှိန် မြှင့်တင်မှာ ဖြစ်ပြီး UDD အနေ နဲ့ ဘန်ကောက် မြို့ တွင်းမှာ ဆက်လက်ရှိနေ အုံးမယ် ဆိုပါတယ်။

သက်ဆင်ကတော့ မွန်တီနီဂရိုး နိုင်ငံမှာရောက်ရှိနေပါတယ်။ဒီနေ့ မနက် အစောပိုင်း မှာတော့ မွန်တီနီဂရိုး နိုင်ငံက သက်ဆင်
ကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုတဲ့ နိုင်ငံကူး လက်မှတ် ကို ထုတ်ပေးပါတယ်။သက်ဆင် ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုတာ
ဟာ မွန်တီ နီဂရိုး နိုင်ငံ အပါအ၀င် ခြောက် နိုင်ငံရှိသွားပြီ ဖြစ်ပါတယ်။

သမီး နှစ်ဦး နှင့် အတူ ဘော်လကန် ဒေသ မွန်တီနီဂရိုး ကမ်းခြေတစ်ခု တွင် ရောက်ရှိနေသည့် သက်ဆင် Photo Courtesy of Thaksin Live

မဆုတ်မနစ် တိုက်ပွဲ ၀င်နေသည့် UDD များ