နယူးဒေလီ က ဆန္ဒပြပွဲ တွင် မြန်မာလူငယ်များ အဖမ်းခံရ

ယနေ့ ကျင်းပသည့် အိန္ဒိယ နိုင်ငံ နယူးဒေလီ ရှိ မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲတွင် ဆန္ဒပြသူများ
က အားမန် အပြည့် ဖြင့် ဆန္ဒပြသောကြောင့် ဒေလီ ရှိ မြန်မာ သံအမတ်ကြီး နှင့် စစ်သံမှုးတို့ 
ပုန်းအောင်နေရသည် ဟု ထို ဆန္ဒပြပွဲ တွင် ပါဝင်သူ တစ်ဦးက Freedom News သို့ ပြောသည်။

ဆန္ဒပြသူ လူငယ် ခုနှစ်ဆယ်ကျော် ကို အိန္ဒိယ ရဲ ကဖမ်းဆီးလိုက်သည် ဟု သတင်းရရှိသည်။
အနီရောင် ၀တ်ထားသောထိုလူငယ်များသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ဆန့် ကျင်ဆန္ဒပြ
ခြင်းဖြစ်သည် ဟု မဇ္ဈွိမ သတင်းတွင် ဖော်ပြထားသည်။

နယူးဒေလီ ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ မနက် ဆန္ဒပြနေသူများ ဓာတ်ပုံ-ရိုက်တာ
သံရုံး တံခါးမကြီးပေါ်တက်၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ပုံကို ကျောက်တုံးဖြင့် ထုနေပုံ ဓာတ်ပုံ - ရိုက်တာ
သံရုံးရှေ့ မှ အပျက် အစီးများကို ရဲ များက ပြန်လည်ရှင်းလင်းနေစဉ်

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး သံရုံရှေ့ ဆေးမှုတ်ပက်ဖျန်းနေစဉ်