ရန်ကုန်မှာ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင် စာများ ဝေ

Share/Bookmark
ရန်ကုန်မြို့ တွင်ဝေငှခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင်စာများ၂၀၀ရ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ မှ ဦးဆောင်၍ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းရန်ကုန်
မြို့ ရှိ လူစည်ကား သောနေရာများတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသက်သွင်းမည့် ၂၀၁၀ ရွေး
ကောက်ပွဲ ဥပဒေကို ဆန့် ကျင်ကြရန် လှုံဆော်သည့် စာများ လိုက်လံဝေငှခဲ့သည်။

မျိုးဆက်သစ် ကျောင်းသား များ ၂၀၀၇ အဖွဲ့ သည် ရန်ကုန် အပြင် ပုသိမ် ၊မော်လမြိုင်အစရှိသည့် မြို့ များ
တွင် လည်း ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင်စာ များ လိုက်လံဝေငှခဲ့သည်။

ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့  ချုပ်(ပြည်တွင်း)ရှိ တာဝန်ရှိသူ တစ်ဦးမှ ၂၀၁၀
ရွေးကောက်ပွဲ နီးကပ်လာချိန် တွင် ကျောင်းသား၊ပြည်သူ၊ရဟန်း၊သံဃာ များ၏ လှုပ်ရှားမှု များ ပိုမို
ပြင်းထန် လာနိုင်သည် ဟု Freedom News Group သို့ ပြောသည်။

ယမန် နေ့ က စာရွက် များလိုက်လံဝေငှသည့် ၂၀၀၇ ကျောင်းသား များ အဖွဲ့ ဝင် တစစ်ဦးက ရန်ကုန်
မြို့ ရှိ လမ်းဆုံ နှင့် လမ်းထောင့် တိုင်းတွင် စစ်အစိုးရက ကြံ့ဖွတ် နှင့် ရဲတပ်ဖွဲ့ ဝင်များချထားသောကြောင့်
ဆန့် ကျင်စာများ ဝေငှ ရသည် မှာ အလွန်လှို့ ဝှက်စွာ လုပ်ဆောင်ရသည် ဟု ဆိုသည်။

2 thoughts on “ရန်ကုန်မှာ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင် စာများ ဝေ

  1. မရိုးသားဘူးဆိုတာနဲနဲဘဲမှန်တယ်/
    ကောက်ကျစ်တယ်ဆိုရင်ပိုမှမယ်
    စစ်ကျွန်ပြုတာဆိုရင်အမှန်ဆုံး
    “no honesty “is right;
    “cunning” is more right;
    “making you militrary slave” is absolutely right.

    sakarwar73

  2. ဘာဘုဖြစ်ဖြစ်အစိုးရကမရိုးသားဘူး။ဥပဒေမူကြမ်းကလည်းမရိုးသားဘူး

Comments are closed.