Dissidents Launches Global Campaign For Democracy in Burma

- ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများပါဝင်ခွင့် မရှိပုံ ကို မခင်ဥမ္မာက နိုင်ငံခြားသတင်းထောက်များအား ရှင်းလင်းပြောပြနေစဉ်
ကိုဦး၊ ၊နိုင်ငံတကာသို့ လှုံဆော်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ၊ ဒီမိုကရေစီ နှင့်
တိုင်းရင်းသားလူမျိုးများအခွင့်အရေး သတင်းစာရှင်းလင်းပွဲ ယနေ့ နံနက်တွင် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ ရှိ နိုင်ငံခြားသတင်းထောက်များကလပ် တွင် ကျင်းပခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လွှတ်တော် အမတ်ဖြစ်သူ ဦးသိန်းဦး၊
ကရင် အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်း ရေးမှုးဖြစ်သူ နော်ဇီရာဘိုးစိန် နှင့် မြန်မာ့ဒီမို
ကရေစီ အင်အားစု မှ နိုင်ငံခြားရေးရာ အတွင်း ရေးမှုး ဖြစ်သူ မခင်ဥမ္မာတို့ က စစ်အုပ်စု ၏ NLD ဖြိုခွင်း
ရေး ဗျူဟာ ဖြင့် တရားနည်းလမ်းမကျ တစ်ဖက်သတ် ရေးဆွဲထားသော ရွေးကောက်ပွဲ ဥပဒေကို
ကမ္ဘာသိဆန့် ကျင်သွားရန် နိုင်ငံခြား သတင်းထောက်များ အားပြောခဲ့သည်။


