နှစ်နိုင်ငံဆက်ဆံရေး ကို အလေးထားသော အားဖြင့် ကိုညီညီအောင် ကို ပြန်လွှတ်

Junta  Needs Friendship Forever With U.S.

ယနေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာ နှစ်စောင်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဌာန၏ မေတ္တာရပ်ခံချက် အရ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားပြီး အမေရိကန် နိုင်ငံသား
ခံယူထား သူ ကိုညီညီအောင် ခေါ် စန်းနိုင် အား ပြန် လွှတ်လိုက်သည် ဟု ပါရှိသည်။

မြန်မာ စစ်အစိုးရသည် ယခင်က အမေရိကန် အစိုးရ အား ငပွကြီး ဟု သုံးနှုန်းခဲ့သော်လည်း
ဝ တပ်ဖွဲ့ က အာခံပြီး နောက်ပိုင်း တွင် ထို အသုံးအနှုန်း အားလျှော့ ချကာ နေ့ စဉ် သတင်းစာ
များတွင် အီရတ် နှင့် အာဖဂန် နစ္စတန် တွင် ဗုံးကွဲမှု ၊ အရပ်သား နှင့် အမေရိကန် စစ်သားသေ
ဆုံးမှုများကိုလောက် ကို သာ ထည့်သွင်းဖော်ပြတော့သည်။

ယနေ့ ထုတ်ကြေးမုံသတင်းစာမှ ကိုညီညီအောင်အားပြည်နှင်ဒဏ်ပေး၍ ပြန်လွှတ်သည့် သတင်း

2 thoughts on “နှစ်နိုင်ငံဆက်ဆံရေး ကို အလေးထားသော အားဖြင့် ကိုညီညီအောင် ကို ပြန်လွှတ်

  1. ငါ့ညီ ရေ သတင်းတွေ ကို သေချာဖတ်ဖို့ လိုမယ် ဒီနေ့ ထုတ် သတင်းစာတွေ မှာ သူဟာ မြန်မာပြည်ကိုဝင်တဲ့ အခါတိုငါး စန်းနိုင်
    ဆို တဲ့ သူဓာတ်ပုံပါတဲ့ မှတ် ပုံတင် အတု ကို အသုံးပြုတယ်။ အထဲက အတိုက်အခံ လှုပ်ရှားသူတွေ နဲ့ တွေ့ တဲ့အခါ စန်း နိုင်
    သို့ မဟုတ် ကိုအောင် ဆိုတဲ့ နာမည် ကို အသုံးပြုတယ်။ မောင်ရင် တို့ ကသာ ညီညီအောင် (သို့ မဟုတ် ) ကျော်ဇော်လွင်
    နဲ့ သိကြတာ အထဲ မှာ ကတော့ စန်း နိုင် အနေ နဲ့ ပဲ သိကြတယ်။ ဒါနဲ့ စကားမစပ် မောင်ရင် က စာတွေ ဘာတွေ သေချာဖတ်
    တတ် တဲ့ အကျင့် မရှိဘူးထင်တယ်။

  2. ညီညီအောင် (ခေါ်) ကျော်ဇောလွင်ဆို… ဘယ်က စန်းနိုင်က ပါလာရတာလဲ… သတင်းရေးတာ သေချာစိစစ်ပါဦးဗျ

Comments are closed.